သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယားေ႐ြးေကာက္ခံသမၼတ ကန္အထူးသံတမန္နဲ႔ ေတြ႔ဆုံ


ေတာင္ကိုရီးယား ေရြးေကာက္ခံသမၼတ Yoon Suk-yeol 


[[Zawgyi/Unicode]]

ေတာင္ကိုရီးယား ေရြးေကာက္ခံသမၼတ Yoon Suk-yeol ဟာ ေျမာက္ကုိရီးယားဆိုင္ရာ အေမရိကန္ အထူးသံတမန္ Sung Kim နဲ႔ အဂၤါညေနပိုင္းက ညစာ စားရင္း ေတြ႔ဆံုခဲ့ၾကတယ္လုိ႔ ေရြးေကာက္ခံသမၼတ Yoon တာဝန္လႊဲေျပာင္းရယူေရး ဆိုင္ရာအဖြဲ႔ တာဝန္ရွိသူတဦးက ဒီကေန႔ေျပာပါတယ္။

အခုေတြ႔ဆံုပြဲဟာ ေတာင္ကုိရီးယားသမၼတ ေရြးေကာက္ပြဲမွာ Yoon Suk-yeol အႏုိင္ရၿပီးကတည္းကဆိုရင္ ပထမဆံုးအႀကိမ္ ေတြ႔ဆံုတာျဖစ္ပါတယ္။
အထူးကိုယ္စားလွယ္ Sung Kim ဟာ ငါးရက္ၾကာခရီးစဥ္နဲ႔ တနလၤာေန႔က ေတာင္ကုိရီးယားကို ေရာက္သြားတာျဖစ္ၿပီး ခရီးစဥ္အတြင္း လက္ရွိသမၼတ Moon Jae-in ၊ ေနာက္တက္မယ့္ အစိုးရအဖြဲ႔သစ္ထဲက အဖြဲ႔ဝင္ေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးမွာျဖစ္ပါတယ္။

ေျမာက္ကုိရီးယားက ၂၀၁၇ ခုႏွစ္မွာ ကိုယ့္ဖာသာခ်မွတ္ထားတဲ့ ကန္႔သတ္ခ်က္ကို ခ်ဳိးေဖာက္ၿပီး တိုက္ခ်င္းပစ္ ပဲ့ထိန္းဒံုးက်ည္ စမ္းသပ္တာေတြ ျပန္လုပ္ခဲ့သလို ႏ်ဴကလီးယား စမ္းသပ္မႈေတြကုိ ျပန္လုပ္ဖုိ႔ ျပင္ဆင္ေနႏုိင္ဖြယ္ အရိပ္လကၡဏာေတြ ျပခဲ့ၿပီးတဲ့ေနာက္ အခုလို အေမရိကန္ အထူးကိုယ္စားလွယ္ ေတာင္ကုိရီးယားႏုိင္ငံကို သြားေရာက္တာပါ။

ကြန္ဆာေဗးတစ္ဝါဒီ ေရြးေကာက္ခံသမၼတ Yoon က ေျမာက္ကိုရီးယားအေပၚ ပိုၿပီးတင္းမာတဲ့ ခ်ဥ္းကပ္မႈမ်ဳိးနဲ႔ လုပ္သြားမယ္ဆိုတာ အရိပ္အျမြက္ ေျပာဆိုထားၿပီးျဖစ္ပါတယ္။ တာဝန္လႊဲေပးရေတာ့မယ့္ လစ္ဘရယ္ဝါဒီ သမၼတ Moon လက္ထက္ တုန္းကေတာ့ ေျမာက္ကိုရီးယားနဲ႔ ဆက္ဆံေရးတိုးတက္ေစဖို႔ ႀကိဳးစားခဲ့ေပမ
ယ့္ ေအာင္ျမင္မႈမရခဲ့ပါဘူး။

ေတာင္ကုိရီးယားနဲ႔ အေမရိကန္တပ္ဖြဲ႔ေတြၾကား ႏွစ္စဥ္လုပ္ေနက် ပူးတြဲစစ္ေရးေလ့က်င့္မႈကို ဒီသီတင္းပတ္အတြင္းမွာပဲ စတင္ခဲ့ပါတယ္။ ဒီလို စစ္ေရးေလ့က်င့္မႈမ်ဳိးဟာ သူတို႔ကိုတိုက္ခိုက္ဖို႔ ျပင္ဆင္တာလို႔ စြပ္စြဲၿပီး ေျမာက္ကိုရီးယားက ျပစ္တင္႐ႈတ္ခ်ေလ့ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============


[[Unicode]]

တောင်ကိုရီးယားရွေးကောက်ခံသမ္မတ ကန်အထူးသံတမန်နဲ့ တွေ့ဆုံ

တောင်ကိုရီးယား ရွေးကောက်ခံသမ္မတ Yoon Suk-yeol ဟာ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးသံတမန် Sung Kim နဲ့ အင်္ဂါညနေပိုင်းက ညစာ စားရင်း တွေ့ဆုံခဲ့ကြတယ်လို့ ရွေးကောက်ခံသမ္မတ Yoon တာဝန်လွှဲပြောင်းရယူရေး ဆိုင်ရာအဖွဲ့ တာဝန်ရှိသူတဦးက ဒီကနေ့ပြောပါတယ်။

အခုတွေ့ဆုံပွဲဟာ တောင်ကိုရီးယားသမ္မတ ရွေးကောက်ပွဲမှာ Yoon Suk-yeol အနိုင်ရပြီးကတည်းကဆိုရင် ပထမဆုံးအကြိမ် တွေ့ဆုံတာဖြစ်ပါတယ်။
အထူးကိုယ်စားလှယ် Sung Kim ဟာ ငါးရက်ကြာခရီးစဉ်နဲ့ တနင်္လာနေ့က တောင်ကိုရီးယားကို ရောက်သွားတာဖြစ်ပြီး ခရီးစဉ်အတွင်း လက်ရှိသမ္မတ Moon Jae-in ၊ နောက်တက်မယ့် အစိုးရအဖွဲ့သစ်ထဲက အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

မြောက်ကိုရီးယားက ၂၀၁၇ ခုနှစ်မှာ ကိုယ့်ဖာသာချမှတ်ထားတဲ့ ကန့်သတ်ချက်ကို ချိုးဖောက်ပြီး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်တာတွေ ပြန်လုပ်ခဲ့သလို နျူကလီးယား စမ်းသပ်မှုတွေကို ပြန်လုပ်ဖို့ ပြင်ဆင်နေနိုင်ဖွယ် အရိပ်လက္ခဏာတွေ ပြခဲ့ပြီးတဲ့နောက် အခုလို အမေရိကန် အထူးကိုယ်စားလှယ် တောင်ကိုရီးယားနိုင်ငံကို သွားရောက်တာပါ။

ကွန်ဆာဗေးတစ်ဝါဒီ ရွေးကောက်ခံသမ္မတ Yoon က မြောက်ကိုရီးယားအပေါ် ပိုပြီးတင်းမာတဲ့ ချဉ်းကပ်မှုမျိုးနဲ့ လုပ်သွားမယ်ဆိုတာ အရိပ်အမြွက် ပြောဆိုထားပြီးဖြစ်ပါတယ်။ တာဝန်လွှဲပေးရတော့မယ့် လစ်ဘရယ်ဝါဒီ သမ္မတ Moon လက်ထက် တုန်းကတော့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးတိုးတက်စေဖို့ ကြိုးစားခဲ့ပေမ
ယ့် အောင်မြင်မှုမရခဲ့ပါဘူး။

တောင်ကိုရီးယားနဲ့ အမေရိကန်တပ်ဖွဲ့တွေကြား နှစ်စဉ်လုပ်နေကျ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဒီသီတင်းပတ်အတွင်းမှာပဲ စတင်ခဲ့ပါတယ်။ ဒီလို စစ်ရေးလေ့ကျင့်မှုမျိုးဟာ သူတို့ကိုတိုက်ခိုက်ဖို့ ပြင်ဆင်တာလို့ စွပ်စွဲပြီး မြောက်ကိုရီးယားက ပြစ်တင်ရှုတ်ချလေ့ရှိပါတယ်။
=============

XS
SM
MD
LG