သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ တောင်ကိုရီးယား ဒုံးကျည် ၈ စင်းပစ်လွှတ်


အမေရိကန်နဲ့တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း မြေပြင်ကနေ မြေပြင်ပစ် ပဲ့ထိန်းတပ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုမြင်ကွင်း။ (ဇန် ၆၊ ၂၀၂၂)
အမေရိကန်နဲ့တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း မြေပြင်ကနေ မြေပြင်ပစ် ပဲ့ထိန်းတပ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုမြင်ကွင်း။ (ဇန် ၆၊ ၂၀၂၂)


[[Zawgyi/Unicode]]

အမေရိကန်နဲ့ တောင်ကိုရီးယားစစ်တပ်တွေက တနင်္လာနေ့မှာ ပဲ့ထိန်းတပ်ဒုံးကျည် ရှစ်စင်းကို ပစ်လွှတ်လိုက်ပါတယ်။ ဆယ်မိနစ်ပဲကြာတဲ့ ဒီ စစ်ရေးလေ့ကျင့်မှုမှာ မြေပြင်ကနေ မြေပြင်ပစ် ATACMS အမျိုးအစား အမေရိကန် ဒုံးကျည် ၁ စင်းနဲ့ တောင်ကိုရီးယား ဒုံးကျည် ၇ စင်းကို ပစ်လွှတ်လေ့ကျင့်ခဲ့တာပါ။

မြောက်ကိုရီးယားရဲ့တိုက်ခိုက်မှုအပေါ် မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်စွမ်းကို ပြသတာ ဖြစ်တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ ခုလိုလေ့ကျင့်တာဟာ သမ္မတ Yoon Suk Yeol တက်လာပြီးတဲ့နောက် ဒုတိယအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖြစ်ပါတယ်။ မြောက်ကိုရီးယားက ဒုံးကျည် ၃ စင်းကို ပစ်လွှတ်အပြီးမှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က မေလ ၂၅ ရက်နေ့မှာ ပထမဆုံး စစ်ရေးလေ့ကျင့်ခဲ့ကြပါတယ်။ မြောက်ကိုရီးယားက ရန်စတာတွေကို ပိုပြီး တက်တက်ကြွကြွတုံ့ပြန်မယ်လို့ သမ္မတ Yoon Suk Yeol က ခိုင်ခိုင်မာမာ ပြောထားတာပါ။

တာတိုပစ် ပဲ့ထိန်းတပ်ဒုံးကျည်တွေကို မြောက်ကိုရီးယားက ပစ်လွှတ်ပြီး တရက်အကြာမှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ခုလို ပစ်လွှတ်လိုက်တာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့တုန်းက မြောက်ကိုရီးယားက ဒုံးကျည် ၈ စင်းကို မြို့တော် ပြုံးယမ်းအနီး အနည်းဆုံး မတူတဲ့နေရာ ၄ နေရာကနေ ၃၅ မိနစ်ကြာ ပစ်လွှတ်လေ့ကျင့်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

===============


[[Zawgyi/Unicode]]




===============

XS
SM
MD
LG