သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္ဝမ္နဲ႔အတူ အေမရိကန္ရပ္တည္ေန - Mike Mullen


တိုင္ဝမ္သမၼတ Tsai Ing-wen (ယာ) က သမၼတဂ်ိဳးဘိုင္ဒန္ရဲ႕ အေမရိကန္ကာကြယ္ေရးနဲ႔ လုံၿခဳံေရးဆိုင္ရာ အႀကီးတန္း အရာရွိေဟာင္း  Mike Mullen အလည္အပတ္ခရီးစဥ္အတြင္းစကားေျပာၾကားစဥ္။ (မတ္ ၂၊ ၂၀၂၂) 


[[Zawgyi/Unicode]]

တိုင္ဝမ္နဲ႔ေဒသတြင္းမဟာမိတ္ႏိုင္ငံေတြဘက္က အေမရိကန္ အခိုင္အမာရပ္တည္ေနပါတယ္လို႔ သမၼတဂ်ိဳးဘိုင္ဒန္ရဲ႕ အေမရိကန္ကာကြယ္ေရးနဲ႔ လုံၿခဳံေရးဆိုင္ရာ အႀကီးတန္း အရာရွိေဟာင္းက ဒီကေန႔ေျပာပါတယ္။

ယူကရိန္းအၾကပ္အတည္းႀကဳံေနရခ်ိန္မွာပဲ သမၼတ ဂ်ိဳးဘိုင္ဒန္က အေမရိကန္ကာကြယ္ေရးနဲ႔လုံၿခဳံေရးအရာရွိေဟာင္းေတြပါတဲ့ ကိုယ္စားလွယ္အဖြဲ႔တဖြဲ႔ကို ေစလႊတ္ခဲ့ၿပီး အဲဒီအဖြဲ႔ကို မစၥတာ Mullen က ဦးေဆာင္လာတာပါ။

တိုင္ဝမ္နဲ႔အေမရိကန္ၾကား ဆက္ဆံေရးကအရင္ကထက္ ပိုမိုခိုင္မာအားေကာင္းလာတယ္လို႔လည္း တိုင္ဝမ္ကို အလည္အပတ္ေရာက္ေနတဲ့ ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ားရဲ႕ ဥကၠ႒ေဟာင္း Mike Mullen ေက ဒီကေန႔ေျပာဆိုခဲ့တာပါ။ ယူကရိန္းကို ႐ုရွားတို႔က်ဴးေက်ာ္ေနတဲ့အခ်ိန္မွာပဲ သမၼတဘိုင္ဒန္ရဲ႕ ထိပ္တန္းအရာရွိေဟာင္း မစၥတာ Mullen နဲ႔အဖြဲ႔ ခုလို ေရာက္ရွိလာတာျဖစ္ပါတယ္။

တိုင္ဝမ္ျပည္သူေတြရဲ႕အက်ိဳးကိုလိုလားတဲ့ အေမရိကန္အေနနဲ႔ တိုင္ဝမ္ေရလက္ၾကားၿငိမ္းခ်မ္းေရးပ်က္ျပားေစတဲ့ ဘယ္လိုတဖက္သတ္ အေျပာင္းအလဲမ်ိဳးကိုမဆို ဆက္လက္ဆန႔္က်င္သြားမယ္လို႔လည္း မစၥတာ Mullen က တိုင္ဝမ္သမၼတ Tsai Ing-wen ေတြ႔ဆုံခ်ိန္မွာေျပာပါတယ္။ အဲဒီအစည္းအေဝးကို ေဖ့ဘုတ္ကေန တိုက္ ႐ိုက္ထုတ္လႊင့္ခဲ့တာပါ။

ကိုယ္ပိုင္အုပ္ခ်ဳပ္ေနတဲ့ တိုင္ဝမ္ကို သူပိုင္နယ္ေျမအျဖစ္ေျပာဆိုေနတဲ့ တ႐ုတ္ႏိုင္ငံဘက္က ပုံမွန္မဟုတ္တဲ့လႈပ္ရွားမႈမ်ိဳး မေတြ႔ရဘူးဆိုတဲ့သတင္းေတြ ရထားေပမယ့္ တိုင္ဝမ္ဘက္က သတိနဲ႔ ေနေနရတာပါ။ တိုင္ဝမ္ကို သူ႔အုပ္ခ်ဳပ္မႈေအာက္ ျပန္ေရာက္ေအာင္လုပ္မယ္လို႔ တ႐ုတ္အစိုးရကေျပာထားၿပီး လိုအပ္ရင္ အင္အားသုံးမယ္ လို႔လည္း ေျပာထားပါတယ္။ တိုင္ဝမ္ကလည္း သူ႔နယ္ေျမကို ခုခံကာကြယ္သြားမယ္လို႔ ကတိျပဳထားပါတယ္။

ထိုင္ဝမ္နဲ႔အတူ အေမရိကန္ရပ္တည္ေန - Mike Mullen
please wait

No media source currently available

0:00 0:01:10 0:00
တိုက္႐ိုက္ လင့္ခ္

=============


[[Unicode]]
ထိုင်ဝမ်နဲ့အတူ အမေရိကန်ရပ်တည်နေ - Mike Mullen

တိုင်ဝမ်နဲ့ဒေသတွင်းမဟာမိတ်နိုင်ငံတွေဘက်က အမေရိကန် အခိုင်အမာရပ်တည်နေပါတယ်လို့ သမ္မတဂျိုးဘိုင်ဒန်ရဲ့ အမေရိကန်ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အကြီးတန်း အရာရှိဟောင်းက ဒီကနေ့ပြောပါတယ်။

ယူကရိန်းအကြပ်အတည်းကြုံနေရချိန်မှာပဲ သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်ကာကွယ်ရေးနဲ့လုံခြုံရေးအရာရှိဟောင်းတွေပါတဲ့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို စေလွှတ်ခဲ့ပြီး အဲဒီအဖွဲ့ကို မစ္စတာ Mullen က ဦးဆောင်လာတာပါ။

တိုင်ဝမ်နဲ့အမေရိကန်ကြား ဆက်ဆံရေးကအရင်ကထက် ပိုမိုခိုင်မာအားကောင်းလာတယ်လို့လည်း တိုင်ဝမ်ကို အလည်အပတ်ရောက်နေတဲ့ ပူးတွဲစစ်ဦးစီးချုပ်များရဲ့ ဥက္ကဋ္ဌဟောင်း Mike Mullen ကေ ဒီကနေ့ပြောဆိုခဲ့တာပါ။ ယူကရိန်းကို ရုရှားတို့ကျူးကျော်နေတဲ့အချိန်မှာပဲ သမ္မတဘိုင်ဒန်ရဲ့ ထိပ်တန်းအရာရှိဟောင်း မစ္စတာ Mullen နဲ့အဖွဲ့ ခုလို ရောက်ရှိလာတာဖြစ်ပါတယ်။

တိုင်ဝမ်ပြည်သူတွေရဲ့အကျိုးကိုလိုလားတဲ့ အမေရိကန်အနေနဲ့ တိုင်ဝမ်ရေလက်ကြားငြိမ်းချမ်းရေးပျက်ပြားစေတဲ့ ဘယ်လိုတဖက်သတ် အပြောင်းအလဲမျိုးကိုမဆို ဆက်လက်ဆန့်ကျင်သွားမယ်လို့လည်း မစ္စတာ Mullen က တိုင်ဝမ်သမ္မတ Tsai Ing-wen တွေ့ဆုံချိန်မှာပြောပါတယ်။ အဲဒီအစည်းအဝေးကို ဖေ့ဘုတ်ကနေ တိုက် ရိုက်ထုတ်လွှင့်ခဲ့တာပါ။

ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ တိုင်ဝမ်ကို သူပိုင်နယ်မြေအဖြစ်ပြောဆိုနေတဲ့ တရုတ်နိုင်ငံဘက်က ပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုမျိုး မတွေ့ရဘူးဆိုတဲ့သတင်းတွေ ရထားပေမယ့် တိုင်ဝမ်ဘက်က သတိနဲ့ နေနေရတာပါ။ တိုင်ဝမ်ကို သူ့အုပ်ချုပ်မှုအောက် ပြန်ရောက်အောင်လုပ်မယ်လို့ တရုတ်အစိုးရကပြောထားပြီး လိုအပ်ရင် အင်အားသုံးမယ် လို့လည်း ပြောထားပါတယ်။ တိုင်ဝမ်ကလည်း သူ့နယ်မြေကို ခုခံကာကွယ်သွားမယ်လို့ ကတိပြုထားပါတယ်။
=============

XS
SM
MD
LG