သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအကူအညီဒေါ်လာဘီလျံ ၄၀ ကန်အထက်လွှတ်တော် အတည်ပြု


 ယူကရိန်းနိုင်ငံ၊ Mariupol မြို့က စစ်ဘေးသင့်အဆောက်အဦးမှာ နေထိုင်သူများ။
 ယူကရိန်းနိုင်ငံ၊ Mariupol မြို့က စစ်ဘေးသင့်အဆောက်အဦးမှာ နေထိုင်သူများ။

[[Zawgyi/Unicode]]

ရုရှားတို့ ကျူးကျော်စစ်တိုက်နေတဲ့ ယူကရိန်းနိုင်ငံကို ကူညီထောက်ပံ့ရေး ဒေါ်လာ ဘီလျံ ၄၀ ပေးမယ့် ဥပဒေကြမ်းကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

မေလ ၁၆ ရက်နေ့ တနင်္လာနေ့က မဲခွဲခဲ့တာမှာ ထောက်ခံမဲ ၈၁ မဲ ကန့်ကွက်မဲ ၁၁ မဲနဲ့ အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။ အောက်လွှတ်တော်မှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်က အတည်ပြုချက်ရထားပြီမို့ သမ္မတ Joe Biden လက်မှတ်ထိုး အတည်ပြု ပြဌာန်းဖို့ပဲ လိုပါတော့တယ်။

ယူကရိန်းကိုကူညီဖို့ ဒေါ်လာ ၃၃ ဘီလျံ အတည်ပြုပေးဖို့ သမ္မတ Joe Biden က လွှတ်တော်ကို တောင်းဆိုထားချိန်မှာ လွှတ်တော်အမတ်တွေက စစ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေအတွက် ၇ ဘီလျံတိုးပြီး စုစုပေါင်း ဒေါ်လာ ဘီလျံ ၄၀ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ယူကရိန်းကို ထောက်ခံအားပေးမှုပြသတဲ့အနေနဲ့ အထက်လွှတ်တော် Republican ခေါင်းဆောင် Mitch McConnell ခေါင်းဆောင်တဲ့ Republican ပါတီအထက်လွှတ်တော်အမတ်တွေ အခုလာမယ့်ရုံးပိတ်ရက် ယူကရိန်းကိုသွားဖို့ရှိနေချိန်မှာ အထက်လွှတ်တော်မှာ ထောက်ပံံ့ကူညီရေး ဥပဒေကြမ်းကို အတည်ပြုလိုက်တာဖြစ်ပါတယ်။

အခုလို အမေရိကန်က ယူကရိန်းကို နောက်ထပ် ကူညီဖို့ လွှတ်တော်မှာ အတည်ပြုလိုက်တာကြောင့် ရုရှားတို့ ကျူးကျော်စစ် စတိုက်ချိန်ကတည်းက ယူကရိန်းနိုင်ငံအပေါ် အမေရိကန်ပေးတဲ့ ထောက်ပံ့ငွေ စုစုပေါင်း ဒေါ်လာ ၅၃ ဘီလျံရှိ သွားမှာဖြစ်ပါတယ်။

ယူကရိန်းအကူအညီဒေါ်လာ ဘီလျံ ၄၀ ကန်အထက်လွှတ်တော်အတည်ပြု
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

===============

[[Unicode]]






===============

XS
SM
MD
LG