သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်မြို့ Brooklynမြေအောက်ဘူတာ ပစ်ခတ်မှုဖြစ်ပွား


နယူးယောက်မြို့ Brooklyn မြေအောက်ဘူတာမှာ ပစ်ခတ်မှုဖြစ်ပြီး မဖောက်ခွဲရသေးတဲ့လက်နက်ပစ္စည်းတွေကြောင့် လုံခြုံရေးချထားစဉ်။ (ဧပြီ ၁၂၊ ၂၀၂၂)
နယူးယောက်မြို့ Brooklyn မြေအောက်ဘူတာမှာ ပစ်ခတ်မှုဖြစ်ပြီး မဖောက်ခွဲရသေးတဲ့လက်နက်ပစ္စည်းတွေကြောင့် လုံခြုံရေးချထားစဉ်။ (ဧပြီ ၁၂၊ ၂၀၂၂)

[[Zawgyi/unicode]]

အမေရိကန်နိုင်ငံ နယူးယောက်မြို့က ၃၆ လမ်း Brooklyn မြေအောက်ဘူတာရုံမှာ လူ ငါးယောက် သေနတ်နဲ့ အပစ်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မီးခိုးထွက်နေတာကြောင့် ရောက်ရှိလာတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ လူအများအပစ်ခံရပြီး မဖောက်ခွဲရသေးတဲ့ လက်နက်ပစ္စည်းကိုလည်း တွေ့ခဲ့ကြတယ်လို့ နယူးယောက် မြို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ဓာတ်ပုံထဲမှာ သွေးတွေထွက်နေတဲ့ခရီးသွားတွေ လဲကျနေတာကို တွေ့ကြရပါတယ်။

ရဲတပ်ဖွဲ့ဝင် သတင်းရင်းမြစ် အများအပြားအလိုအရ သံသယရှိသူဟာ ဆောက်လုပ်ရေးလုပ်သားတွေဝတ်တဲ့ အပေါ် အင်္ကျီကို ဝတ်ဆင်ထားပြီး ဓာတ်ငွေ့ကာ မျက်နှာဖုံးကိုလည်း တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

အသေးစိတ်အချက်အလက်တွေကိုတော့ မသိကြရသေးပါဘူး။

#USViolence #NewYorkShooting #VOABurmese #နယူးယောက်ပစ်ခတ်မှု #ဗွီအိုအေ
===============

[[Unicode]]


နယူးယောကျမွို့ Brooklynမွအေောကျဘူတာ ပဈခတျမှုဖွဈပှား







XS
SM
MD
LG