သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Texas ပစ္ခတ္မႈေသနတ္သမား လူမႈကြန္ရက္ေပၚႀကိဳတင္သတိေပးခဲ့


တကၠဆက္ျပည္နယ္၊ Uvalde ၿမိဳ႕ မူလတန္းေက်ာင္းပစ္ခတ္မႈအတြင္း ေသဆံုးခဲ့ရတဲ့ ေက်ာင္းသားေက်ာင္းသူနဲ႔ဆရာေတြအတြက္ ဝမ္းနည္းတဲ့အထိမ္းအမွတ္ နယူးေယာက္ၿမိဳ႕လစ္ဘာတီ႐ုပ္တုပတ္လည္က အေမရိကန္အလံေတြကို တိုင္တဝက္လႊင့္ထူထားစဥ္။ (ေမ ၂၅၊ ၂၀၂၂) 

[[Zawgyi/Unicode]]

Texas ျပည္နယ္ Uvalde ၿမိဳ႕က မူလတန္းကေလးငယ္ ၁၉ ေယာက္နဲ႔ ဆရာမ ၂ ေယာက္ကို ပစ္သတ္ခဲ့တဲ့ ဆယ္ေက်ာ္သက္ ေသနတ္သမားဟာ ပစ္ခတ္မႈမလုပ္ခင္ေလးမွာ မူလတန္းေက်ာင္းတေက်ာင္းကို သြားပစ္ခတ္မယ္ဆိုတဲ့အေၾကာင္း လူမႈကြန္ရက္ေပၚမွာ သီးသန္႔ Message ေရးသားခဲ့တယ္လို႔ Texas ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Greg Abbott ကေျပာပါတယ္။

ေသနတ္သမား Salvador Ramos ေက်ာင္းကို ဝင္မပစ္ခင္ မိနစ္ ၃၀ အလိုမွာ သူ႔အဖြားကို သြားပစ္မယ္လို႔ Facebook ေပၚမွာ ေရးသားခဲ့တယ္လို႔ အုပ္ခ်ဳပ္ေရးမွဴး ကေျပာပါတယ္။ မၾကာခင္မွာပဲ အဖြားကို ပစ္ခတ္ခဲ့တယ္လို႔ ထပ္ေရးတင္ပါတယ္။ အဲဒီေနာက္မွာပဲ မူလတန္းေက်ာင္းတေက်ာင္းကို သြားပစ္ခတ္ေတာ့မယ္လို႔ ေသနတ္သမားက Facebook ေပၚမွာ ေရးသားခဲ့ပါတယ္။ အဲဒီေရးသားခ်ိန္နဲ႔ ေက်ာင္းမွာ ပစ္ခတ္ခ်ိန္ ၁၅ မိနစ္ေတာင္ မျခားဘူးလို႔ အုပ္ခ်ဳပ္ေရးမွဴး ကေျပာပါတယ္။

အခုလို Texas အုပ္ခ်ဳပ္ေရးမွဴး Greg Abbott ေျပာတဲ့ ေရးသားမႈေတြက တေယာက္ကေန တေယာက္ကို သီးသန္႔ပို႔တဲ့ Message ေတြျဖစ္ၿပီး ေၾကကြဲစရာပစ္ခတ္မႈျဖစ္ၿပီးမွ စံုစမ္းေတြ႔ရွိတာျဖစ္တယ္လို႔ Facebook မိခင္ကုမၸဏီျဖစ္တဲ့ Meta ရဲ႕ ေျပာခြင့္ရသူ Andy Stone က Twitter လူမႈကြန္ယက္ေပၚမွာ ေရးသားခဲ့ပါတယ္။

အသက္ ၆၆ ႏွစ္ အရြယ္ အဖြားရဲ႕မ်က္ႏွာကို ေသနတ္သမားပစ္ခဲ့ေပမယ့္ အဖြားအသက္မေသဘဲ ေဆးရံုမွာ ျပင္းထန္တဲ့ဒဏ္ရာနဲ႔ ကုသမႈခံယူေနပါတယ္။ အထက္တန္းေက်ာင္းကေန ႏုတ္ထြက္ထားတဲ့ အသက္ ၁၈ ႏွစ္အရြယ္ Salvador Ramos ဟာ စိတ္က်န္းမာေရးျပႆနာေၾကာင့္ Robb မူလတန္းေက်ာင္းကို အဂၤါေန႔က သြားေရာက္ပစ္ခတ္တာလို႔ ေျပာပါတယ္။ ဒါေပမယ့္ သူ႔စိတ္က်န္းမာေရး ျပႆနာရွိတယ္ဆိုတဲ့ ေဆးမွတ္တမ္း အေထာက္အထားေတြေတာ့ မေတြ႔ဘူးလို႔ အုပ္ခ်ဳပ္ေရးမွဴး Abbott ကေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ေသနတ္ေရာင္းခ်မႈေတြကို ကန္႔သတ္ခ်က္သစ္ေတြ ခ်မွတ္ခ်ိန္တန္ၿပီလို႔ သမၼတ Joe Biden က ဗုဒၶဟူးေန႔က ေျပာၾကားခဲ့ပါတယ္။ သမၼတ Biden နဲ႔ သမၼတကေတာ္ Jill Biden တို႔ လာမယ့္ရက္ပိုင္းအတြင္း Texas ျပည္နယ္ကို သြားေရာက္ၿပီး က်န္ရစ္သူ မိသားစုေတြကို အားေပးႏွစ္သိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

Texas ပစ်ခတ်မှုသေနက်သမား လူမှုကွန်ရက်ပေါ်ကြိုတင်သတိပေးခဲ့

Texas ပြည်နယ် Uvalde မြို့က မူလတန်းကလေးငယ် ၁၉ ယောက်နဲ့ ဆရာမ ၂ ယောက်ကို ပစ်သတ်ခဲ့တဲ့ ဆယ်ကျော်သက် သေနတ်သမားဟာ ပစ်ခတ်မှုမလုပ်ခင်လေးမှာ မူလတန်းကျောင်းတကျောင်းကို သွားပစ်ခတ်မယ်ဆိုတဲ့အကြောင်း လူမှုကွန်ရက်ပေါ်မှာ သီးသန့် Message ရေးသားခဲ့တယ်လို့ Texas ပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbott ကပြောပါတယ်။

သေနတ်သမား Salvador Ramos ကျောင်းကို ဝင်မပစ်ခင် မိနစ် ၃၀ အလိုမှာ သူ့အဖွားကို သွားပစ်မယ်လို့ Facebook ပေါ်မှာ ရေးသားခဲ့တယ်လို့ အုပ်ချုပ်ရေးမှူး ကပြောပါတယ်။ မကြာခင်မှာပဲ အဖွားကို ပစ်ခတ်ခဲ့တယ်လို့ ထပ်ရေးတင်ပါတယ်။ အဲဒီနောက်မှာပဲ မူလတန်းကျောင်းတကျောင်းကို သွားပစ်ခတ်တော့မယ်လို့ သေနတ်သမားက Facebook ပေါ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီရေးသားချိန်နဲ့ ကျောင်းမှာ ပစ်ခတ်ချိန် ၁၅ မိနစ်တောင် မခြားဘူးလို့ အုပ်ချုပ်ရေးမှူး ကပြောပါတယ်။

အခုလို Texas အုပ်ချုပ်ရေးမှူး Greg Abbott ပြောတဲ့ ရေးသားမှုတွေက တယောက်ကနေ တယောက်ကို သီးသန့်ပို့တဲ့ Message တွေဖြစ်ပြီး ကြေကွဲစရာပစ်ခတ်မှုဖြစ်ပြီးမှ စုံစမ်းတွေ့ရှိတာဖြစ်တယ်လို့ Facebook မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ရဲ့ ပြောခွင့်ရသူ Andy Stone က Twitter လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

အသက် ၆၆ နှစ် အရွယ် အဖွားရဲ့မျက်နှာကို သေနတ်သမားပစ်ခဲ့ပေမယ့် အဖွားအသက်မသေဘဲ ဆေးရုံမှာ ပြင်းထန်တဲ့ဒဏ်ရာနဲ့ ကုသမှုခံယူနေပါတယ်။ အထက်တန်းကျောင်းကနေ နုတ်ထွက်ထားတဲ့ အသက် ၁၈ နှစ်အရွယ် Salvador Ramos ဟာ စိတ်ကျန်းမာရေးပြဿနာကြောင့် Robb မူလတန်းကျောင်းကို အင်္ဂါနေ့က သွားရောက်ပစ်ခတ်တာလို့ ပြောပါတယ်။ ဒါပေမယ့် သူ့စိတ်ကျန်းမာရေး ပြဿနာရှိတယ်ဆိုတဲ့ ဆေးမှတ်တမ်း အထောက်အထားတွေတော့ မတွေ့ဘူးလို့ အုပ်ချုပ်ရေးမှူး Abbott ကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ သေနတ်ရောင်းချမှုတွေကို ကန့်သတ်ချက်သစ်တွေ ချမှတ်ချိန် တန်ပြီလို့ သမ္မတ Joe Biden က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ သမ္မတ Biden နဲ့ သမ္မတကတော် Jill Biden တို့ လာမယ့်ရက်ပိုင်းအတွင်း Texas ပြည်နယ်ကို သွားရောက်ပြီး ကျန်ရစ်သူ မိသားစုတွေကို အားပေးနှစ်သိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
===========

XS
SM
MD
LG