သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းအကြမ်းဖက်အစွန်းရောက်အန္တရာယ်မြင့်မားနေဆဲ ကန်တရားရေးဌာနထုတ်ပြန်


အမေရိကန်အမျိုးသားလုံးခြုံရေးဌာနရဲ့ လက်ထောက်ရှေ့နေချုပ် Matthew Olsen
အမေရိကန်အမျိုးသားလုံးခြုံရေးဌာနရဲ့ လက်ထောက်ရှေ့နေချုပ် Matthew Olsen

[[Zawgyi/Unicode]]

အမေရိကန်ပြည်ထောင်စုမှာ ပြည်တွင်း အကြမ်းဖက် အစွန်းရောက်ဝါဒ အန္တရာယ်မြင့်မားနေဆဲဖြစ်တယ်လု့ိ အမေရိကန်တရားရေးဌာနက ပြောကြားလိုက်ပါတယ်။ ပြည်တွင်းမှာ အကြမ်းဖက်အစွန်းရောက်ဝါဒ မြင့်တက်နေတယ်လို့ အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းရဲ့ သုံးသပ်ချက်တွေနဲ့ တရားရေးဌာန အမြင်တူတယ်လို့ အမေရိကန်အမျိုးသားလုံးခြုံရေးဌာနရဲ့ လက်ထောက်ရှေ့နေချုပ် Matthew Olsen က အောက်လွှတ်တော် တရားရေးကော်မတီကြားနာပွဲမှာ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

နိုင်ငံရေးအရ FBI က အန္တရာယ်ကို ပိုပြီးချဲ့ကားပြောနေတယ်လို့ Republican အမတ်တွေက စွပ်စွဲနေချိန်မှာ သူက ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ အဲဒီလို ချဲ့ကားနေတယ်ဆိုတာ မဟုတ်ဘူးလို့လည်း ငြင်းဆန်ခဲ့ပါတယ်။ အမေရိကန်ထဲမှာ FBI ကစုံစမ်းတဲ့ အစွန်းရောက်အကြမ်းဖက်ဝါဒ အခြေခံတဲ့အမှုတွေဟာ ၂၀၂၀ ခုနှစ်ထဲကစလို့ ၂ ဆပိုများလာတယ်လို့ တရားရေးဌာနတာဝန်ရှိသူ Olsen ကကြားနာပွဲမှာ ပြောကြားခဲ့ပါတယ်။

အမေရိကန် လွှတ်တော်အဆောက်အဦး တိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ လွှတ် တော်မှာ စုံစမ်းစစ်ဆေးနေတဲ့အပေါ် လူသိရှင်ကြားဝေဖန်နေသူ Republican အမတ်တဦးဖြစ်တဲ့ Jim Jordan က FBI ကထောက်လှမ်းရေးတွေဟာ သူတို့အထက်အရာရှိတွေ ကျေနပ်အောင် ပြည်တွင်းအကြမ်းဖက်အစွန်းရောက်မှုနဲ့ဆိုင်တဲ့ အမှုတွေကို ချဲ့ကားနေတယ်လို့ FBI ညွှန်ကြားရေးမှူး Christopher Wray ဆီကို စာရေးသား စွပ်စွဲခဲ့ပါတယ်။ FBI မှာဆုပေး ဒဏ်ပေးစနစ်မျိုးလုပ်တဲ့အတွက် တချို့အတွက် ဖိအားဖြစ်စေတယ်လို့ အတွင်းမသမာမှုတွေကို လျှို့ဝှက်ဖောက်ချသူက ပြောတယ်လို့ဆိုပြီး သူကစွပ်စွဲခဲ့တာဖြစ်ပါတယ်။

အခုနှစ်ပိုင်းတွေအတွင်း လူသေစေတဲ့အထိ တိုက်ခိုက်မှုတွေကို လူဖြူကြီးစိုးရေးဝါဒီတွေ၊ အစိုးရဆန့်ကျင်တဲ့ ပြည်သူ့စစ်တွေက လုပ်နေတယ်လို့ FBI ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]






XS
SM
MD
LG