သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတ႐ုံး ၫြန္ၾကားေရးမွဴးခ်ဳပ္ေဟာင္း ဦးေဇာ္ေဌး ကြယ္လြန္


ျမန္မာသမၼတ႐ံုး ဝန္ႀကီးဌာန ေျပာခြင့္ရ ဦးေဇာ္ေဌး

[[Zawgyi/Unicode]]

ဦးသိန္းစိန္အစိုးရလက္ထက္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ NLD အစိုးရလက္ထက္ေတြမွာ သမၼတ႐ုံးရဲ႕ ေျပာေရးဆိုခြင့္ရွိသူအျဖစ္ တာဝန္ယူခဲ့သူ သမၼတ႐ုံးၫႊန္ၾကားေရးမႉးခ်ဳပ္ေဟာင္း ဦးေဇာ္ေဌးဟာ ဒီကေန႔ ေမ ၂၃ ရက္ မနက္မွာ ႐ုတ္တရက္ကြယ္လြန္သြားပါတယ္။ အစိုးရႏွစ္ ဆက္မွာ အေရးပါတဲ့ရာထူးတာဝန္ေတြ ထမ္းေဆာင္ခဲ့သူ ဦးေဇာ္ေဌး ကြယ္လြန္သြားတဲ့အေၾကာင္း ရန္ကုန္က ေပးပို႔တဲ့သတင္းကို မအင္ၾကင္းႏိုင္က တင္ျပေပးထားပါတယ္။

သမၼတ႐ုံး ၫြန္ၾကားေရးမႉးခ်ဳပ္ေဟာင္း ဦးေဇာ္ေဌးဟာ ႐ုတ္တရက္ ႏွလုံးေအာင့္လို႔ ေနျပည္ေတာ္ ခုတင္တေထာင္ေဆး႐ုံကို ပို႔ေဆာင္ခဲ့ေပမယ့္ အသက္မမီဘဲ ဆုံးပါးသြားခဲ့တာလို႔ စစ္ေကာင္စီေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကိုေျပာပါတယ္။

“ဒီမနက္ျဖစ္ျဖစ္ခ်င္း သတင္းၾကားရတဲ့အခ်ိန္မွာ ကိုေဇာ္ေဌးတပည့္တေယာက္က ဖုန္းနဲ႔ လွမ္းေျပာပါတယ္။ သူကိုယ္တိုင္လိုက္သြားေနတဲ့အေၾကာင္းေျပာပါတယ္။ ေနာက္ က်ေနာ္တို႔သူငယ္ခ်င္းတေယာက္လည္း လိုက္သြားပါတယ္။ လိုက္သြားၿပီးေဆး႐ုံပို႔ဖို႔ လုပ္ၾကတယ္။ ျဖစ္တာေတာ့ ရင္ဘတ္ေအာင့္လာၿပီးေတာ့ ေခြ်းေစးျပန္တယ္။ ဖုန္းဆက္ေခၚတာေပါ့။ ဖုန္း ဆက္ေခၚေတာ့ ေဆး႐ုံႀကီးကိုပို႔လိုက္တဲ့ အခ်ိန္မွာပဲ လမ္းမွာပဲ အသက္ဆုံးရႈံးတယ္ ခန႔္မွန္းတာေပါ့ေလ။”

စစ္တပ္အာဏာသိမ္းၿပီးေနာက္မွာေတာ့ သူ႔ကို စစ္တပ္ဘက္က ေခတၱခဏထိန္းသိမ္းထားခဲ့ ပါတယ္။

အသက္ ၄၉ ႏွစ္အ႐ြယ္ ဦးေဇာ္ေဌးဟာ ၂၀၂၀ ေ႐ြးေကာက္ပြဲေနာက္ပိုင္း အစိုးရနဲ႔ တပ္မေတာ္ တင္းမာေနခ်ိန္ ေစ့စပ္ညႇိႏႈိင္းေရးကိစၥေတြမွာ အဓိကပါဝင္ခဲ့သူ ျဖစ္ပါတယ္။ အာဏာ သိမ္းမႈျဖစ္ပြားခဲ့ၿပီးတဲ့ေနာက္ သူလည္း ထိန္းသိမ္းခံခဲ့ရပါတယ္။ ထိန္းသိမ္းခံထားရာကေန ျပန္လည္လြတ္ေျမာက္လာၿပီးတဲ့ေနာက္ ရာထူးကေန အနားယူခဲ့ပါတယ္။

ဦးေဇာ္ေဌးဟာ လက္ရွိစစ္ေကာင္စီသတင္းထုတ္ျပန္ေရးအဖြဲ႔ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းနဲ႔ စစ္တကၠသိုလ္ကတည္းက သူငယ္ခ်င္းေတြျဖစ္ၿပီး အပတ္စဥ္ (၃၇) ဆင္းေတြျဖစ္ပါတယ္။ ဦးေဇာ္ေဌးဟာ အေျမာက္တပ္မွာ စတင္တာဝန္ထမ္းေဆာင္ၿပီး ေနာက္ပိုင္း ေလေၾကာင္းရန္ကာကြယ္ေရးတပ္ကို ေရာက္ခဲ့ကာ အဲဒီမွာ နဝတ တပ္မေတာ္အစိုးရ လက္ထက္မွာ ဗိုလ္ခ်ဳပ္ႀကီးစိုးဝင္းနဲ႔ ဆုံခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္ႀကီးစိုးဝင္း ဝန္ႀကီးခ်ဳပ္ျဖစ္ေတာ့ ဦးေဇာ္ေဌးဟာ ဗိုလ္မႉးအဆင့္နဲ႔ အရပ္ဘက္ကိုေျပာင္းခဲ့ၿပီး အဲဒီအခ်ိန္ အစိုးရ႐ုံး ၫႊန္ၾကားေရးမႈးတာဝန္ယူခဲ့သူပါ။ တာဝန္ ႀကီးႀကီးပိုင္းေတြ ထမ္းေဆာင္ရာမွာ ပါဝင္ခဲ့သူတဦးလို႔ ဆိုႏိုင္သလို တပ္မေတာ္အစိုးရကေန အရပ္သားအစိုးရမေျပာင္းခင္ ဗိုလ္ခ်ဳပ္ႀကီးစိုးဝင္း ကြယ္လြန္ေတာ့ ၂၀၀၇ ခုႏွစ္မွာ ဝန္ႀကီးခ်ဳပ္အသစ္ျဖစ္လာသူ ဦးသိန္းစိန္အစိုးရလက္ထက္မွာ ဆက္လက္တာဝန္ ထမ္းေဆာင္လာခဲ့ပါတယ္။

ဦးသိန္းစိန္ သမၼတျဖစ္လာတဲ့အခါမွာ မီဒီယာ၊ အရပ္ဘက္ အဖြဲ႔အစည္းေတြနဲ႔ ျပည္သူလူထုၾကားက အျမင္ေတြကို သမၼတဆီတင္ျပရတဲ့တာဝန္က သူ႔ရဲ႕အဓိက တာဝန္ျဖစ္လာပါတယ္။ ဒီ တာဝန္ကို ၫႊန္ၾကားေရးမႉး၊ ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ တာဝန္ေတြနဲ႔ ထမ္းေဆာင္ခဲ့ပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အစိုးရလက္ထက္မွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ရာထူးအတြက္ ဖြဲ႕စည္းတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးနဲ႔ အစိုးရရဲ႕ ေျပာေရးဆိုခြင့္ရွိသူတဦး ျဖစ္လာသလို ၫႊန္ၾကားေရးမႉးခ်ဳပ္လည္း ျဖစ္လာပါတယ္။ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မွာ အဓိကပါဝင္ခဲ့ သူတဦးလည္းျဖစ္ပါတယ္။

သူနဲ႔အတူၿငိမ္းခ်မ္းေရးလုပ္ငန္းေတြမွာ တူတူလုပ္ကိုင္ခဲ့တဲ့ အစိုးရရဲ႕ ၿငိမ္းခ်မ္းေရးအက်ိဳး ေဆာင္ တဦးျဖစ္တဲ့ ဦးလွေမာင္ေ႐ြကေတာ့ ဦးေဇာ္ေဌး ကြယ္လြန္တာနဲ႔ပတ္သက္လို႔ အခုလို ေျပာပါတယ္။

“ဦးေဇာ္ေဌးနဲ႔ က်ေနာ္ ၂၀၁၁ ခုႏွစ္မွာ စေတြ႔ခဲ့တယ္။ အဲခ်ိန္က ဒုၫႊန္ၾကားေရးမႉးခ်ဳပ္တာဝန္ ယူထားတယ္။ ၂၀၁၆ မွာ ပင္လုံ အႀကိဳျပင္ဆင္ေရးေကာ္မတီ က်ေနာ္တို႔စယူေတာ့ က်ေနာ္ တို႔ တြဲလုပ္ခဲ့တယ္။ ေနာက္ပိုင္းမွာေတာ့ သူက အစိုးရအဖြဲ႔ ၿငိမ္းခ်မ္းေရးအဖြဲ႕UPDJC ရဲ႕ အတြင္း ေရးမႉးတာဝန္ယူခဲ့တာေတြ႔ရတယ္။ အထူးသျဖင့္ ၂၀၁၈ ေနာက္ပိုင္း သူေတာ္ေတာ္ေလး ေနရာရလာတယ္။ ေတာ္ေတာ္ေလး လုပ္ႏိုင္ကိုင္ႏိုင္လာတာ ေတြ႔ရတယ္။ ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ ကေတာ့သူေတာ္ေတာ္ေလး လုပ္ႏိုင္ခဲ့တဲ့ ႏွစ္လို႔ေျပာရမယ္။ သူကက်ေနာ္တို႔ေတြ႕ဖူးတဲ့ အစိုးရအရာရွိထဲမွာေတာ့ ေတာ္ေတာ္ ပါးနပ္လိမၼာၿပီးေတာ့ အေပါင္းအသင္းဆန႔္တယ္။ EAO ေခါင္း ေဆာင္ေတြၾကား ေတာ္ေတာ္ေလးယုံၾကည္မႈေဆာက္ႏိုင္သလို အရပ္ဘက္က တတ္သိပညာရွင္ေတြနဲ႔လည္း ေတာ္ေတာ္ေလးယုံၾကည္မႈ တည္ေဆာက္ႏိုင္ေအာင္လုပ္ခဲ့တာေတြ႕ရပါတယ္။ သူဆုံးတာေတာ္ေတာ္ႏွေျမာမိပါတယ္။”

NLD အစိုးရလက္ထက္က အနီးကပ္ လက္တြဲလုပ္ေဆာင္ခဲ့ဖူးသူလည္းျဖစ္၊ လက္ရွိမွာ NUG ၾကားကာလအမ်ဳိးသားညီၫြတ္ေရးအစိုးရရဲ႕ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီးလည္းျဖစ္တဲ့ ဦးမိုးေဇာ္ဦးကလည္း ဦးေဇာ္ေဌး ကြယ္လြန္သြားတဲ့အတြက္ စိတ္မေကာင္းျဖစ္မိေၾကာင္း အခုလို ေျပာပါတယ္။

“ကိုေဇာ္ေဌးဆံုးသြားတယ္လို႔ သတင္းၾကားရတာ ေတာ္ေတာ္ေလးေတာ့ စိတ္မေကာင္းျဖစ္မိပါတယ္။ အမွန္ေတာ့ သူနဲ႔က်ေနာ္နဲ႔က ဒီဘက္ေနာက္ပိုင္း ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္တဲ့ကိစၥေတြမွာေတာ့ အလုပ္အတူတြဲလုပ္ခဲ့ဖူးတယ္။ ဒိမတိုင္ခင္ကေတာ့ သူ႔သေဘာထားေတြ ဘာေတြ က်ေနာ္လည္းမႀကိဳက္တာေတြ အမ်ားႀကီးရွိပါတယ္။ အယူအဆမတူတာေတြလည္း အမ်ားႀကီးရွိတယ္။ သို႔ေသာ္လည္း သူနဲ႔အလုပ္အတူတူ တြဲလုပ္ျဖစ္တဲ့အခါမွာေတာ့ သူက အလုပ္ကို ေတာ္ေတာ္ဂ႐ုစိုက္တယ္။ professional ျဖစ္ေအာင္ ေတာ္ေတာ္ႀကိဳးစားတယ္ေပါ့ေနာ္။ တကယ္လည္း လုပ္ငန္းေအာင္ျမင္မႈအတြက္ကိုလည္း အေလးထားတာကို ေတြ႔ရတယ္ေပါ့ေနာ္။ ဒါကေတာ့ ဘာပဲျဖစ္ျဖစ္၊ ဒီလိုလူတေယာက္ ေသဆံုးသြားတာ၊ ဆံုး႐ံႈးရတဲ့ဟာကေတာ့ ေတာ္ေတာ္စိတ္မေကာင္းျဖစ္စရာပါပဲ။”

KNU ကရင္အမ်ဳိးသားအစည္းအ႐ုံးရဲ႕ အေထြေထြအတြင္းေရးမွဴး ပဒို ေစာတာဒိုမူးကေတာ့ ဦးေဇာ္ေဌးဟာ အရည္အခ်င္းရွိတဲ့ ၿပိဳင္ဘက္တဦးလို႔ ယူဆေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။

“ကိုေဇာ္ေဌးကေတာ့ က်ေနာ္တို႔ လက္ေဝွ႔သမားအခ်င္းခ်င္းေျပာရမယ္ဆိုလို႔ရွိရင္ သတၱိရွိတဲ့၊ အရည္အခ်င္းရွိတဲ့ၿပိဳင္ဘက္တဦးရယ္လို႔ေတာ့ သတ္မွတ္လို႔ရပါတယ္။ သူကေတာ့ ၿငိမ္းခ်မ္းေရးကို တကယ္ လိုလားပံုေတာ့ရတယ္။ ဒါေပမယ့္ သူလိုလားတဲ့ၿငိမ္းခ်မ္းေရးဟာ သူ႔ရဲ႕႐ႈေဒါင့္ကေနျဖစ္ေနတာေပါ့ေနာ္၊ အဲဒါေၾကာင့္ က်ေနာ္ အခုနကေျပာသလိုပဲ၊ တကယ့္အရည္အခ်င္းရွိတဲ့ ထိုးဘက္တေယာက္ပံုစံမ်ဳိးဆိုတာကို က်ေနာ္က ဥပမာေပးတာပါ။ တဘက္မွာေတာ့ ပုဂၢိဳလ္ေရးအရကေတာ့ ေကာင္းတယ္၊ ေဖာ္ေရြတယ္။ က်ေနာ္တို႔အလုပ္လုပ္လို႔ရတယ္။ ဒါေပမယ့္ မူဝါဒပိုင္းဆိုင္ရာမွာေတာ့ က်ေနာ္တို႔ တကယ္ အေကာင္းဆံုးၿပိဳင္ဘက္ေတြေတာ့ ျဖစ္ခဲ့ၾကပါတယ္လို႔။”


ႀကံ့ခိုင္ေရးအစိုးရနဲ႔ NLD အစိုးရလို မတူညီတဲ့ အစိုးရ ႏွစ္ဆက္လုံးရဲ႕ ယုံၾကည္မႈကိုရခဲ့ၿပီး အစိုးရမူဝါဒေတြကို သတင္းစာရွင္းလင္းပြဲေတြမွာ ထြက္ေျပာခဲ့သူျဖစ္တာေၾကာင့္ မီဒီယာနဲ႔ ဆက္ဆံေရးရွိသူတဦးလည္းျဖစ္ပါတယ္။ သူကြယ္လြန္တာနဲ႔ပတ္သက္လို႔ သတင္းသမားတဦးလည္းျဖစ္ သတင္းမီဒီယာအဖြဲ႕ဝင္ ေဟာင္းတဦးျဖစ္တဲ့ ဦးျမင့္ေက်ာ္က အခုလိုမွတ္ခ်က္ေပးပါတယ္။

“ဦးေဇာ္ေဌးနဲ႔ပတ္သက္လို႔ကေတာ့ သတင္းရယူခြင့္ကိစၥေပါ့။ မ႑ိဳင္ ၄ ရပ္ေဆြးေႏြးပြဲေတြ ေနျပည္ေတာ္မွာလုပ္တဲ့ဟာေတြမွာ ဆုံဖူးတယ္။ အဲအပိုင္းေတြေတာ့ရွိတယ္။ သတင္း သိနားလည္မႈအေၾကာင္းေတြ အေရးႀကီးတယ္ဆိုတာ ေျပာျဖစ္ေတာ့ အဲဒါေတြက အေရးႀကီးတယ္ ဆိုတာမ်ိဳး နားလည္တာကိုေျပာတာ သတိထားမိတယ္။ သူနဲ႔ပတ္သက္တဲ့မွတ္ခ်က္ကေတာ့ သူက ဒီအေၾကာင္းအရာေတြကို ႏွံ႔စပ္သူတေယာက္ျဖစ္တယ္၊ ထဲထဲဝင္ဝင္နားလည္တယ္။ တခါတေလ က်ေနာ္တို႔ရပ္တည္ခ်က္နဲ႔သူတို႔ ရႈျမင္တဲ့ ရပ္တည္ခ်က္ ကြာဟမႈေတြေတာ့ ရွိတာေပါ့။ လူေတာ္ တေယာက္လို႔ေတာ့ေျပာခ်င္ပါတယ္။”

ကြယ္လြန္ခ်ိန္မွာ အသက္ ၄၉ ႏွစ္သာ ရွိေသးပါတယ္။ သူဟာ မႉးေဇာ္ဆိုတဲ့ကေလာင္အမည္နဲ႔လည္း စာအုပ္ေတြ ေရးသားခဲ့သူတဦးျဖစ္ပါတယ္။ ကြယ္လြန္ခ်ိန္မွာ ဇနီးနဲ႔ ဆယ္ေက်ာ္သက္ အ႐ြယ္သမီးတဦး က်န္ရစ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

သမ္မတရုံး ညွန်ကြားရေးမှူးချုပ်ဟောင်း ဦးဇော်ဌေး ကွယ်လွန်

ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရလက်ထက်တွေမှာ သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့သူ သမ္မတရုံးညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးဇော်ဌေးဟာ ဒီကနေ့ မေ ၂၃ ရက် မနက်မှာ ရုတ်တရက်ကွယ်လွန်သွားပါတယ်။ အစိုးရနှစ် ဆက်မှာ အရေးပါတဲ့ရာထူးတာဝန်တွေ ထမ်းဆောင်ခဲ့သူ ဦးဇော်ဌေး ကွယ်လွန်သွားတဲ့အကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

သမ္မတရုံး ညွန်ကြားရေးမှူးချုပ်ဟောင်း ဦးဇော်ဌေးဟာ ရုတ်တရက် နှလုံးအောင့်လို့ နေပြည်တော် ခုတင်တထောင်ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် အသက်မမီဘဲ ဆုံးပါးသွားခဲ့တာလို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။

“ဒီမနက်ဖြစ်ဖြစ်ချင်း သတင်းကြားရတဲ့အချိန်မှာ ကိုဇော်ဌေးတပည့်တယောက်က ဖုန်းနဲ့ လှမ်းပြောပါတယ်။ သူကိုယ်တိုင်လိုက်သွားနေတဲ့အကြောင်းပြောပါတယ်။ နောက် ကျနော်တို့သူငယ်ချင်းတယောက်လည်း လိုက်သွားပါတယ်။ လိုက်သွားပြီးဆေးရုံပို့ဖို့ လုပ်ကြတယ်။ ဖြစ်တာတော့ ရင်ဘတ်အောင့်လာပြီးတော့ ချွေးစေးပြန်တယ်။ ဖုန်းဆက်ခေါ်တာပေါ့။ ဖုန်း ဆက်ခေါ်တော့ ဆေးရုံကြီးကိုပို့လိုက်တဲ့ အချိန်မှာပဲ လမ်းမှာပဲ အသက်ဆုံးရှုံးတယ် ခန့်မှန်းတာပေါ့လေ။”

စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ သူ့ကို စစ်တပ်ဘက်က ခေတ္တခဏထိန်းသိမ်းထားခဲ့ ပါတယ်။

အသက် ၄၉ နှစ်အရွယ် ဦးဇော်ဌေးဟာ ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်း အစိုးရနဲ့ တပ်မတော် တင်းမာနေချိန် စေ့စပ်ညှိနှိုင်းရေးကိစ္စတွေမှာ အဓိကပါဝင်ခဲ့သူ ဖြစ်ပါတယ်။ အာဏာ သိမ်းမှုဖြစ်ပွားခဲ့ပြီးတဲ့နောက် သူလည်း ထိန်းသိမ်းခံခဲ့ရပါတယ်။ ထိန်းသိမ်းခံထားရာကနေ ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက် ရာထူးကနေ အနားယူခဲ့ပါတယ်။

ဦးဇော်ဌေးဟာ လက်ရှိစစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ စစ်တက္ကသိုလ်ကတည်းက သူငယ်ချင်းတွေဖြစ်ပြီး အပတ်စဉ် (၃၇) ဆင်းတွေဖြစ်ပါတယ်။ ဦးဇော်ဌေးဟာ အမြောက်တပ်မှာ စတင်တာဝန်ထမ်းဆောင်ပြီး နောက်ပိုင်း လေကြောင်းရန်ကာကွယ်ရေးတပ်ကို ရောက်ခဲ့ကာ အဲဒီမှာ နဝတ တပ်မတော်အစိုးရ လက်ထက်မှာ ဗိုလ်ချုပ်ကြီးစိုးဝင်းနဲ့ ဆုံခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးစိုးဝင်း ဝန်ကြီးချုပ်ဖြစ်တော့ ဦးဇော်ဌေးဟာ ဗိုလ်မှူးအဆင့်နဲ့ အရပ်ဘက်ကိုပြောင်းခဲ့ပြီး အဲဒီအချိန် အစိုးရရုံး ညွှန်ကြားရေးမှုးတာဝန်ယူခဲ့သူပါ။ တာဝန် ကြီးကြီးပိုင်းတွေ ထမ်းဆောင်ရာမှာ ပါဝင်ခဲ့သူတဦးလို့ ဆိုနိုင်သလို တပ်မတော်အစိုးရကနေ အရပ်သားအစိုးရမပြောင်းခင် ဗိုလ်ချုပ်ကြီးစိုးဝင်း ကွယ်လွန်တော့ ၂၀၀၇ ခုနှစ်မှာ ဝန်ကြီးချုပ်အသစ်ဖြစ်လာသူ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဆက်လက်တာဝန် ထမ်းဆောင်လာခဲ့ပါတယ်။

ဦးသိန်းစိန် သမ္မတဖြစ်လာတဲ့အခါမှာ မီဒီယာ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုကြားက အမြင်တွေကို သမ္မတဆီတင်ပြရတဲ့တာဝန်က သူ့ရဲ့အဓိက တာဝန်ဖြစ်လာပါတယ်။ ဒီ တာဝန်ကို ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် တာဝန်တွေနဲ့ ထမ်းဆောင်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးအတွက် ဖွဲ့စည်းတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူတဦး ဖြစ်လာသလို ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်လာပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အဓိကပါဝင်ခဲ့ သူတဦးလည်းဖြစ်ပါတယ်။

သူနဲ့အတူငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ တူတူလုပ်ကိုင်ခဲ့တဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးအကျိုး ဆောင် တဦးဖြစ်တဲ့ ဦးလှမောင်ရွေကတော့ ဦးဇော်ဌေး ကွယ်လွန်တာနဲ့ပတ်သက်လို့ အခုလို ပြောပါတယ်။

“ဦးဇော်ဌေးနဲ့ ကျနော် ၂၀၁၁ ခုနှစ်မှာ စတွေ့ခဲ့တယ်။ အဲချိန်က ဒုညွှန်ကြားရေးမှူးချုပ်တာဝန် ယူထားတယ်။ ၂၀၁၆ မှာ ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ကျနော်တို့စယူတော့ ကျနော် တို့ တွဲလုပ်ခဲ့တယ်။ နောက်ပိုင်းမှာတော့ သူက အစိုးရအဖွဲ့ ငြိမ်းချမ်းရေးအဖွဲ့UPDJC ရဲ့ အတွင်း ရေးမှူးတာဝန်ယူခဲ့တာတွေ့ရတယ်။ အထူးသဖြင့် ၂၀၁၈ နောက်ပိုင်း သူတော်တော်လေး နေရာရလာတယ်။ တော်တော်လေး လုပ်နိုင်ကိုင်နိုင်လာတာ တွေ့ရတယ်။ ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ ကတော့သူတော်တော်လေး လုပ်နိုင်ခဲ့တဲ့ နှစ်လို့ပြောရမယ်။ သူကကျနော်တို့တွေ့ဖူးတဲ့ အစိုးရအရာရှိထဲမှာတော့ တော်တော် ပါးနပ်လိမ္မာပြီးတော့ အပေါင်းအသင်းဆန့်တယ်။ EAO ခေါင်း ဆောင်တွေကြား တော်တော်လေးယုံကြည်မှုဆောက်နိုင်သလို အရပ်ဘက်က တတ်သိပညာရှင်တွေနဲ့လည်း တော်တော်လေးယုံကြည်မှု တည်ဆောက်နိုင်အောင်လုပ်ခဲ့တာတွေ့ရပါတယ်။ သူဆုံးတာတော်တော်နှမြောမိပါတယ်။”

NLD အစိုးရလက်ထက်က အနီးကပ် လက်တွဲလုပ်ဆောင်ခဲ့ဖူးသူလည်းဖြစ်၊ လက်ရှိမှာ NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးမိုးဇော်ဦးကလည်း ဦးဇော်ဌေး ကွယ်လွန်သွားတဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်း အခုလို ပြောပါတယ်။

“ကိုဇော်ဌေးဆုံးသွားတယ်လို့ သတင်းကြားရတာ တော်တော်လေးတော့ စိတ်မကောင်းဖြစ်မိပါတယ်။ အမှန်တော့ သူနဲ့ကျနော်နဲ့က ဒီဘက်နောက်ပိုင်း ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ အလုပ်အတူတွဲလုပ်ခဲ့ဖူးတယ်။ ဒိမတိုင်ခင်ကတော့ သူ့သဘောထားတွေ ဘာတွေ ကျနော်လည်းမကြိုက်တာတွေ အများကြီးရှိပါတယ်။ အယူအဆမတူတာတွေလည်း အများကြီးရှိတယ်။ သို့သော်လည်း သူနဲ့အလုပ်အတူတူ တွဲလုပ်ဖြစ်တဲ့အခါမှာတော့ သူက အလုပ်ကို တော်တော်ဂရုစိုက်တယ်။ professional ဖြစ်အောင် တော်တော်ကြိုးစားတယ်ပေါ့နော်။ တကယ်လည်း လုပ်ငန်းအောင်မြင်မှုအတွက်ကိုလည်း အလေးထားတာကို တွေ့ရတယ်ပေါ့နော်။ ဒါကတော့ ဘာပဲဖြစ်ဖြစ်၊ ဒီလိုလူတယောက် သေဆုံးသွားတာ၊ ဆုံးရှုံးရတဲ့ဟာကတော့ တော်တော်စိတ်မကောင်းဖြစ်စရာပါပဲ။”

KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး ပဒို စောတာဒိုမူးကတော့ ဦးဇော်ဌေးဟာ အရည်အချင်းရှိတဲ့ ပြိုင်ဘက်တဦးလို့ ယူဆကြောင်း ဗွီအိုအေကို ပြောပါတယ်။

“ကိုဇော်ဌေးကတော့ ကျနော်တို့ လက်ဝှေ့သမားအချင်းချင်းပြောရမယ်ဆိုလို့ရှိရင် သတ္တိရှိတဲ့၊ အရည်အချင်းရှိတဲ့ပြိုင်ဘက်တဦးရယ်လို့တော့ သတ်မှတ်လို့ရပါတယ်။ သူကတော့ ငြိမ်းချမ်းရေးကို တကယ် လိုလားပုံတော့ရတယ်။ ဒါပေမယ့် သူလိုလားတဲ့ငြိမ်းချမ်းရေးဟာ သူ့ရဲ့ရှုဒေါင့်ကနေဖြစ်နေတာပေါ့နော်၊ အဲဒါကြောင့် ကျနော် အခုနကပြောသလိုပဲ၊ တကယ့်အရည်အချင်းရှိတဲ့ ထိုးဘက်တယောက်ပုံစံမျိုးဆိုတာကို ကျနော်က ဥပမာပေးတာပါ။ တဘက်မှာတော့ ပုဂ္ဂိုလ်ရေးအရကတော့ ကောင်းတယ်၊ ဖော်ရွေတယ်။ ကျနော်တို့အလုပ်လုပ်လို့ရတယ်။ ဒါပေမယ့် မူဝါဒပိုင်းဆိုင်ရာမှာတော့ ကျနော်တို့ တကယ် အကောင်းဆုံးပြိုင်ဘက်တွေတော့ ဖြစ်ခဲ့ကြပါတယ်လို့။”


ကြံ့ခိုင်ရေးအစိုးရနဲ့ NLD အစိုးရလို မတူညီတဲ့ အစိုးရ နှစ်ဆက်လုံးရဲ့ ယုံကြည်မှုကိုရခဲ့ပြီး အစိုးရမူဝါဒတွေကို သတင်းစာရှင်းလင်းပွဲတွေမှာ ထွက်ပြောခဲ့သူဖြစ်တာကြောင့် မီဒီယာနဲ့ ဆက်ဆံရေးရှိသူတဦးလည်းဖြစ်ပါတယ်။ သူကွယ်လွန်တာနဲ့ပတ်သက်လို့ သတင်းသမားတဦးလည်းဖြစ် သတင်းမီဒီယာအဖွဲ့ဝင် ဟောင်းတဦးဖြစ်တဲ့ ဦးမြင့်ကျော်က အခုလိုမှတ်ချက်ပေးပါတယ်။

“ဦးဇော်ဌေးနဲ့ပတ်သက်လို့ကတော့ သတင်းရယူခွင့်ကိစ္စပေါ့။ မဏ္ဍိုင် ၄ ရပ်ဆွေးနွေးပွဲတွေ နေပြည်တော်မှာလုပ်တဲ့ဟာတွေမှာ ဆုံဖူးတယ်။ အဲအပိုင်းတွေတော့ရှိတယ်။ သတင်း သိနားလည်မှုအကြောင်းတွေ အရေးကြီးတယ်ဆိုတာ ပြောဖြစ်တော့ အဲဒါတွေက အရေးကြီးတယ် ဆိုတာမျိုး နားလည်တာကိုပြောတာ သတိထားမိတယ်။ သူနဲ့ပတ်သက်တဲ့မှတ်ချက်ကတော့ သူက ဒီအကြောင်းအရာတွေကို နှံ့စပ်သူတယောက်ဖြစ်တယ်၊ ထဲထဲဝင်ဝင်နားလည်တယ်။ တခါတလေ ကျနော်တို့ရပ်တည်ချက်နဲ့သူတို့ ရှုမြင်တဲ့ ရပ်တည်ချက် ကွာဟမှုတွေတော့ ရှိတာပေါ့။ လူတော် တယောက်လို့တော့ပြောချင်ပါတယ်။”

ကွယ်လွန်ချိန်မှာ အသက် ၄၉ နှစ်သာ ရှိသေးပါတယ်။ သူဟာ မှူးဇော်ဆိုတဲ့ကလောင်အမည်နဲ့လည်း စာအုပ်တွေ ရေးသားခဲ့သူတဦးဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ ဇနီးနဲ့ ဆယ်ကျော်သက် အရွယ်သမီးတဦး ကျန်ရစ်ခဲ့ပါတယ်။

============

XS
SM
MD
LG