သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Uzbek ေရြးေကာက္ပြဲ လက္ရွိသမၼတ ျပန္အႏိုင္ရႏိုင္ဖြယ္ရွိ


Uzbekistan ေရြးေကာက္ပြဲ မဲ႐ုံတခုမွာ မဲေပးေနသူမ်ား။ (ေအာက္တိုဘာ ၂၄၊ ၂၀၂၁)

(Zawgyi / Unicode)

Uzbekistan ႏုိင္ငံမွာ ဒီကေန႔က်င္းပတဲ့ ေရြးေကာက္ပြဲမွာ ထိေရာက္စြာ ယွဥ္ၿပိဳင္ႏိုင္တဲ့ အတိုက္အခံ ကိုယ္စားလွယ္ေလာင္း မရွိတာေၾကာင့္ လက္ရွိသမၼတ Shavkat Mirziyoyev ျပန္အႏိုင္ရဖို႔ ေသခ်ာသေလာက္ ရွိေနပါတယ္။

သမၼတ Mirziyoyev က အႏိုင္ရဖို႔ ရွိေနတာေၾကာင့္ ဗဟိုခ်ဳပ္ကိုင္တဲ့ ႏိုင္ငံေရးစနစ္ ရွိေနေပမယ့္လည္း ကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈ အပါအဝင္ လူႀကိဳက္မ်ားတဲ့ ျပဳျပင္ေျပာင္းလဲမႈေတြကို ဆက္လုပ္ႏိုင္မယ္လို႔ ခန္႔မွန္းၾကပါတယ္။

အသက္ ၆၄ ရွိၿပီျဖစ္တဲ့ သမၼတ Mirziyoyev က ႐ုရွားနဲ႔ အေနာက္ႏိုင္ငံေတြရဲ႕ အကူအညီနဲ႔ သယံဇာတ ေပါႂကြယ္ဝတဲ့ တိုင္းျပည္မွာ ျပဳျပင္ေျပာင္းလဲမႈေတြကို ဆက္လက္လုပ္ေဆာင္ၿပီး Uzbekistan လြတ္လပ္ေရးရၿပီး ပထမဆုံးတက္လာတဲ့ သမၼတ Islam Karimov လက္ထက္မွာ လုပ္ေဆာင္ခဲ့တဲ့ ျပဳျပင္ေျပာင္းလဲမႈေတြကို ဆက္လက္ အေကာင္အထည္ေဖာ္ေနတာ ျဖစ္ပါတယ္။

သမၼတေဟာင္း Karimov လက္ထက္က ဖမ္းဆီးခံခဲ့ရတဲ့ အတိုက္အခံ ႏိုင္ငံေရးသမားေတြကို လႊတ္ေပးလိုက္ၿပီး တိုင္းျပည္အတြင္း ၾသဇာႀကီးမားတဲ့ လုံၿခံဳေရးဌာနကိုလည္း သူ႔လက္ေအာက္မွာ ထားလိုက္ပါတယ္။

ဒါေပမယ့္ လူဦးေရ ၃၄ သန္းရွိၿပီး မြတ္စလင္အမ်ားစု ေနထိုင္တဲ့ တိုင္းျပည္အတြင္းမွာ သမၼတကို ထိေရာက္စြာ ယွဥ္ၿပိဳင္ႏိုင္တဲ့ အတိုက္အခံေခါင္းေဆာင္ ေပၚမလာခဲ့ပါဘူး။ သမၼတနဲ႔ ယွဥ္ၿပိဳင္ဖို႔ ေရြးခ်ယ္ခံရတဲ့ ကိုယ္စားလွယ္ေလာင္း ၄ ဦးဟာလည္း သမၼတကို ေထာက္ခံတဲ့ ႏိုင္ငံေရးပါတီေတြက ေရြးခ်ယ္ခဲ့ၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------

(Unicode)

Uzbek ရွေးကောက်ပွဲ လက်ရှိသမ္မတ ပြန်အနိုင်ရနိုင်ဖွယ်ရှိ

Uzbekistan နိုင်ငံမှာ ဒီကနေ့ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ထိရောက်စွာ ယှဉ်ပြိုင်နိုင်တဲ့ အတိုက်အခံ ကိုယ်စားလှယ်လောင်း မရှိတာကြောင့် လက်ရှိသမ္မတ Shavkat Mirziyoyev ပြန်အနိုင်ရဖို့ သေချာသလောက် ရှိနေပါတယ်။

သမ္မတ Mirziyoyev က အနိုင်ရဖို့ ရှိနေတာကြောင့် ဗဟိုချုပ်ကိုင်တဲ့ နိုင်ငံရေးစနစ် ရှိနေပေမယ့်လည်း ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အပါအဝင် လူကြိုက်များတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လုပ်နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။

အသက် ၆၄ ရှိပြီဖြစ်တဲ့ သမ္မတ Mirziyoyev က ရုရှားနဲ့ အနောက်နိုင်ငံတွေရဲ့ အကူအညီနဲ့ သယံဇာတ ပေါကြွယ်ဝတဲ့ တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်လုပ်ဆောင်ပြီး Uzbekistan လွတ်လပ်ရေးရပြီး ပထမဆုံးတက်လာတဲ့ သမ္မတ Islam Karimov လက်ထက်မှာ လုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက် အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။

သမ္မတဟောင်း Karimov လက်ထက်က ဖမ်းဆီးခံခဲ့ရတဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေကို လွှတ်ပေးလိုက်ပြီး တိုင်းပြည်အတွင်း သြဇာကြီးမားတဲ့ လုံခြုံရေးဌာနကိုလည်း သူ့လက်အောက်မှာ ထားလိုက်ပါတယ်။

ဒါပေမယ့် လူဦးရေ ၃၄ သန်းရှိပြီး မွတ်စလင်အများစု နေထိုင်တဲ့ တိုင်းပြည်အတွင်းမှာ သမ္မတကို ထိရောက်စွာ ယှဉ်ပြိုင်နိုင်တဲ့ အတိုက်အခံခေါင်းဆောင် ပေါ်မလာခဲ့ပါဘူး။ သမ္မတနဲ့ ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်လောင်း ၄ ဦးဟာလည်း သမ္မတကို ထောက်ခံတဲ့ နိုင်ငံရေးပါတီတွေက ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG