သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Uzbekistan သမ္မတ ကွယ်လွန်


Uzbekistan သမ္မတ Islam Karimov
Uzbekistan သမ္မတ Islam Karimov

Uzbekistan သမ္မတ Islam Karimov ဟာ စက်တင်ဘာလ ၂ ရက် သောကြာနေ့မှာ ကွယ်လွန်သွားကြောင်း အစိုးရနဲ့ လွှတ်တော်က ပူးတွဲ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ Karimov ကို သူ့မွေးဌာနေဖြစ်တဲ့ Samarkand မြို့မှာ စက်တင်ဘာလ ၃ ရက်နေ့မှာ မြုပ်နှံသဂြိုဟ် မှာ ဖြစ်ကြောင်း ကြေညာချက် မှာ ဖေါ်ပြထားပါတယ်။

Karimov ရဲ့ သမီးဖြစ်သူ Lola Karimova-Tillayeva က သူ့ဖေ့စ်ဘုတ်မှာရော Instagram မှာပါ သူ့ဖခင် သေဆုံးတာနဲ့ ပါတ်သက်ပြီး ဖေါ်မပြနိုင်အောင် ဝမ်းနည်းကြောင်းနဲ့ သူ့ဖခင်ကို ဘုရားသခင်စောင့်ရှောက်စေဖို့ ရေးသားခဲ့ပါတယ်။

Uzbekistan အစိုးရဘက်က သမ္မတ ကွယ်လွန်ကြောင်း တရားဝင် မကြေညာသေးခင် သောကြာနေ့ အစောပိုင်းမှာပဲ တူရကီ ဝန်ကြီးချုပ် Binali Yildirim က သူ့ ကက်ဘိနက် အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးပွဲကနေ ဝမ်းနည်းကြေကွဲရပါကြောင်း Uzbekistan အစိုးရနဲ့ ပြည်သူကို ရုပ်သံကနေ ပြောကြားခဲ့ပါတယ်။

Karimov ဟာ အာဏာရှင်အဖြစ်နဲ့ ၂၅ နှစ်ကျော် နိုင်ငံကို အုပ်ချုပ်ခဲ့တာ ဖြစ်ပြီး အတိုက်အခံတွေကို ဖိနှိပ်မှုတွေ လုပ်ခဲ့သလို သူ့အရိုက်အရာ ဆက်ခံမယ့်သူလည်း တခါမှ မရွေးချယ်ခဲ့ပါဘူး။

Karimov သေဆုံးသွားခဲ့ပေမယ့် Uzbekistan နိုင်ငံက အာဏာရှင် အစိုးရကတော့ ပြောင်းလဲမယ့် ပုံမရှိဘူးလို့ Amnesty International လူ့အခွင့်ရေး အဖွဲ့ကြီးက သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

Uzbekistan သမ္မတ ကွယ်လွန်
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG