သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတလွှား ချစ်သူများနေ့


ချစ်သူများနေ့ အထိမ်းအမှတ်
ချစ်သူများနေ့ အထိမ်းအမှတ်
ဖေဖော်ဝါရီလ ၁၄ ရက် သောကြာနေ့ဟာ ကမ္ဘာတဝန်းမှာ ချစ်ခြင်းမေတ္တာတရားရဲ့နေ့ Valentine’s Day အဖြစ် သိကြတဲ့နေ့ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ် (Francis) ဟာ လက်ထပ်တော့မယ့် စုံတွဲ ထောင်ပေါင်းများစွာနဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စိန့်ပီတာရင်ပြင်မှာ တွေ့ဆုံပြီး အမေးအဖြေလုပ်ခဲ့ပါတယ်။ ချစ်ခြင်းကိုထိန်းသိမ်းနိုင်တဲ့ လျှို့ဝှက်ချက်ကတော့ တစ်ဦးပေါ်တစ်ဦး အေးချမ်းစွာ ဖေးမ ထောက်ကူတာမျိုး မလုပ်တဲ့ နေ့မျိုး တစ်နေ့မှ မရှိတာပဲဖြစ်တယ်လို့ ပုပ်ရဟန်းမင်းက စုံတွဲတွေကို ပြောခဲ့ပါတယ်။

တရုတ်ပြည်မှာ သောကြာနေ့ဟာ ဗယ်လင်တိုင်းနေ့ဖြစ်သလို တရုတ် မီးပုံးထွန်းပွဲတော်ရက်လည်းဖြစ်တာမို့ တရုတ်စုံတွဲတွေ လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲကြပါတယ်။ အထိမ်းအမှတ်နေ့နှစ်မျိုး ဒီလို တစ်ရက်ထဲမှာကျတာဟာ ၁၉ နှစ်မှာမှ တစ်ကြိမ် ကြုံရတာ ပါ။ ဒါပေမဲ့လည်း ဗယ်လင်တိုင်းနေ့ဟာ ချစ်သူစုံတွဲတွေကြားက အချစ်မျိုးကိုပဲ ကန့်သတ်ထားတာတော့ မဟုတ်ပါဘူး။ ကမ္ဘာ တဝန်းက လူပေါင်းများစွာဟာ သူတို့ရဲ့ မိသားစုတွေနဲ့ မိတ်ဆွေတွေအပေါ် ချစ်ခြင်းမေတ္တာကိုလည်း ဖော်ပြ ပြောဆိုကြပါ တယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ အဲဒီ အထိမ်းအမှတ်နေ့အတွက် သကြားလုံးတွေ၊ အမှတ်တရကဒ်ပြားတွေ၊ ပန်းတွေနဲ့ တခြား အမှတ်တရပစ္စည်းတွေအတွက် စုစုပေါင်း ဒေါ်လာ သန်းပေါင်း ၁,၇၀၀ ကျော်ကို သုံးစွဲကြလိမ့်မယ်လို့ အမျိုးသားလက်လီအဖွဲ့ချုပ် က ခန့်မှန်းထားပါတယ်။
XS
SM
MD
LG