သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗာတီကန် ဝေဖန်မှု တရုတ် ရှုတ်ချ


ဗာတီကန် ဝေဖန်မှု တရုတ် ရှုတ်ချ
ဗာတီကန် ဝေဖန်မှု တရုတ် ရှုတ်ချ

တရုတ်နိုင်ငံက ကက်သလစ် ဘာသာရေး အာဏာပိုင်တွေက Bishop ဘုန်းတော်ကြီးတွေ အဖြစ် ကိုယ့်သဘောနဲ့ ကိုယ် တင်မြှောက်တာကို ဗာတီကန် နန်းတော်က ကန့်ကွက်ခဲ့ပေမဲ့ တရုတ်နိုင်ငံက ဒါကို လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

ဘာသာရေး လွတ်လပ်ခွင့်တွေနဲ့ ပတ်သက်လို့ ပြဋ္ဌာန်းထားတာတွေကို ဝင်ရောက် စွက်ဖက်တာမျိုး၊ စွပ်စွဲ ပြောဆိုတာမျိုးတွေကို ဘယ်လိုပုံစံမျိုးနဲ့မှ လက်မခံနိုင်တဲ့အကြောင်း ကြာသပတေးနေ့ကပဲ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ပြောဆိုလိုက်တာပါ။

ပုပ်ရဟန်းမင်းကြီးရဲ့ လက်ခံ အတည်ပြုချက် မရဘဲ နိုင်ငံမြောက်ပိုင်း ကျန်ဒဲ (Chengde) မြို့မှာရှိတဲ့ တရုတ် အစိုးရ အသိအမှတ်ပြု ဘုရားကျောင်းမှာ ဘုန်းတော်ကြီး ဂျိုးဇက် ဂေါင်ကျင်ကိုင်း (Joseph Guo Jincai) ကို စနေနေ့က Bishop ဘုန်းတော်ကြီးအဖြစ် တင်မြှောက်လိုက်တာကို ဗာတီကန်က ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် တစောင် ထုတ်ပြန် ရှုတ်ချလိုက်တဲ့အတွက် ဒါကို တုံ့ပြန် ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ဗာတီကန်ရဲ့ ကြေညာချက်မှာ တရုတ်အစိုးရက ဘာသာရေး အခမ်းအနားတွေမှာ ပါဝင်ဖို့ ဘစ်ရှော့ ဘုန်းတော်ကြီးတွေကို ဖိအားပေးတာဟာ ဘာသာရေး လွတ်လပ်ခွင့်နဲ့ ယုံကြည်မှုတွေကို ချိုးဖောက်ရာရောက်ပြီး ပုပ်ရဟန်းမင်းကြီးကို ဆန့်ကျင်ရာ ရောက်တယ်လို့လည်း စွပ်စွဲခဲ့တာပါ။

တရုတ်နိုင်ငံဟာ ဗာတီကန်နဲ့ ၁၉၅၁ ခုနှစ်မှာ သံတမန် အဆက်အသွယ်တွေ ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG