သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရစ်ယန်ဂိုဏ်းအုပ်များ ခန့်အပ်ရေး တရုတ်-ဗာတီကန် သဘောတူ


China Vatican
China Vatican

ခရစ်ယာန် ဂုဏ်းအုပ်ဘုန်းတော်ကြီးတွေ ခန့်အပ်ရေး တရုတ်နဲ့ ဗာတီကန်နန်းတော်ကြားမှာ ယာယီ သဘောတူ ညီချက် စာချုပ်ကို စနေနေ့က လက်မှတ်ရေးထိုးခဲ့ကြကြောင်းနှစ်ဘက်လုံးက ကြေညာခဲ့ပါတယ်။ ဒါဟာ ဆယ် စုနှစ်ပေါင်းများစွာ သံတမန်ဆက်ဆံရေး ပြတ်တောက်ခဲ့တဲ့ တရုတ်အစိုးရနဲ့ ဗာတီကန်ကြား မပြေလည်မှုကို ထိုးဖောက်ကျော်လွှား နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီသဘောတူညီမှုကြောင့် မကြာသေးခင်နှစ်တွေက အဓိကအဟန့်အတားဖြစ်နေတဲ့ အချက်ကိုလည်း ဖြေရှင်း နိုင်ခဲ့ပါတယ်။ အဲဒါကတော့ ပုပ်ရဟန်းမင်းကြီးရဲ့ ခွင့်ပြုချက်မယူပဲ တရုတ်အစိုးရက အရင်ကတည်းက အမည် စာရင်းသွင်းထားတဲ့ ခရစ်ယာန်ဂိုဏ်းအုပ် (၇) ဦးကို ဗာတီကန်ဘက်က လက်ခံဖို့ သဘောတူလိုက်တာပဲ ဖြစ်ပါတယ်။

ဗာတီကန်နန်းတော်နဲ့ တရုတ်အစိုးရကြား နှစ်ပေါင်း (၇၀) နီးပါး ဆက်ဆံရေး ပြတ်တောက်ခဲ့ပြီးနောက် အခုလို တိုးတက်မှု ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ခရစ်ယာန်ဂိုဏ်းအုပ် အဖြစ်အပ်နှင်းရေး ကိစ္စမှာ တရုတ်အစိုးရက ကိုယ့် ဘာသာကိုယ် အတည်ပြုခန့်အပ်ရေး နှစ်ပေါင်းများစွာ တောင်းဆိုနေခဲ့တဲ့ အချက်ဟာ ပုပ်ရဟန်းမင်းကြီးကပဲ ရွေးချယ်အပ်နှင်းရတဲ့ လုပ်ပိုင်ခွင့်ကို ဆန့်ကျင်ရာ ရောက်ခဲ့တာဖြစ်ပါတယ်။

အခု တရုတ်နိုင်ငံက ခရစ်ယာန်ဂိုဏ်းအုပ် (၇) ဦးလုံးကို ဗာတီကန်ဘက်က လက်ခံအသိအမှတ်ပြုလိုက်တဲ့ အတွက် တရုတ်မှာရှိတဲ့ ကက်သလစ်ဘာသာဝင် ခရစ်ယာန်ဂိုဏ်းအုပ် အားလုံးနဲ့ ဗာတီကန်ကြား ပုံမှန် ဆက်ဆံရေး ရှိသွားပြီဖြစ်ကြောင်း ဗာတီကန်ဘက်က ကြေညာခဲ့ပါတယ်။

တရုတ်နိုင်ငံမှာရှိတဲ့ ကက်သလစ်ဘာသာဝင် အသိုင်းအဝိုင်းကြားမှာ အစိုးရက ဖွင့်ပေးထားတဲ့ ကက်သလစ် ဘုရားကျောင်းကိုပဲ ကိုးကွယ်တဲ့အုပ်စုနဲ့ ပုပ်ရဟန်းမင်းကြီးကို သစ္စာခံတဲ့ တရားမဝင် ကက်သလစ် ဘုရား ကျောင်း ကိုပဲကိုးကွယ်တဲ့ အုပ်စု ဆိုပြီး နှစ်စု ကွဲနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG