သုံးရလွယ်ကူစေသည့် Link များ

Vatican တနင်္ဂနွေဝတ်ပြုပွဲ လူအများအပြားလာရောက်


ပုပ်ရဟန်းမင်းကြီး Benedict။ (ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၁၃)။
ပုပ်ရဟန်းမင်းကြီး Benedict။ (ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၁၃)။
ဗာတီကန် (Vatican) မှာ တနင်္ဂနွေနေ့တိုင်း ပုပ်ရဟန်းမင်းကြီး ဦးဆောင်တဲ့ ဝတ်ပြုဆုတောင်းပွဲကို လာရောက်ကြတဲ့ ပရိသတ်တွေဟာ St. Peter’s ရင်ပြင်မှာ ပြည့်နှက်နေခဲ့ပါတယ်။ ဖေဖော်ဝါရီ လ၂၈ ရက်နေ့ကျရင် တာဝန်ကနေ အနားယူတော့မယ်လို့ ပုပ်ရဟန်းမင်းကြီး ကြေညာခဲ့ပြီး ၆ ရက် အကြာမှာ ပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲကို လာရောက်ကြသူတွေဟာ အရင်နဲ့ မတူအောင်ကို များပြားခဲ့ပါတယ်။

ပြည့်နှက်နေတဲ့ ဝတ်ပြုသူတွေကို သူ့အတွက်ရော၊ သူ့နေရာကို ဆက်ခံမယ့် ပုပ်ရဟန်းမင်းကြီး အတွက်ကိုပါ ဆက်ပြီး ဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီး Benedict က ပန်ကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးအသစ်ကို ရွေးရွယ်ပွဲကို အရင် စီစဉ်ထားတာထက်စောပြီး ကျင်းပဖို့ စဉ်းစားနေတယ်လို့ ဗာတီကန် က စနေနေ့က ပြောကြားခဲ့ပါတယ်။ လက်ရှိဗာတီကန်ရဲ့ သတ်မှတ်ချက်အရ Cardinal ဘုန်းတော်ကြီးတွေက ပုပ်ရဟန်းမင်းကြီးအသစ်ကို မတ်လ ၁၅ ရက်နေ့ မတိုင်ခင်ရွေးချယ်လို့ မရပါဘူး။ ဒါဟာ ပုပ်ရဟန်းမင်းကြီး Benedict တာဝန်က အနားယူပြီး ၁၅ ရက်ကြာမှ ဖြစ်ပါတယ်။ ဒါပေမဲ့ Cardinal ဘုန်းတော်ကြီးတွေအနေနဲ့ ပုပ်ရဟန်းမင်းကြီး ဘယ်နေ့ အနားယူမယ်ဆိုတဲ့ရက် အတိအကျကို သိထားပြီးဖြစ်လို့
စီစဉ်ထားတာထက်စောပြီး Rome ကိုလာနိုင်အောင် စီစဉ်လို့ရတယ်လို့ ဗာတီကန် ပြောခွင့်ရသူက ပြောပါတယ်။

Easter ပွဲတော်သီတင်းပတ်မစခင်မှာ ပုပ်ရဟန်းမင်းကြီးအသစ်ကို တာဝန်ပေးအပ်နိုင်ဖို့ လိုအပ်တယ်လို့ ရိုမန်ကက်သလစ် အသင်းတော် တာဝန်ရှိသူတွေက ပြောပါတယ်။
XS
SM
MD
LG