သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗာတီကန်ပြတိုက် ဧည့်သည်ဝင်ရောက်မှု ကန့်သတ်မည်


ဗာတီကန်နန်းတော် Sistine Chapel ပြတိုက်မှာရှိတဲ့ Michelangelo ရဲ့ ကမ္ဘာကျော် နံရံရေးပန်းချီတွေ ပျက်စီးခြင်းက ထိန်းသိမ်း ကာကွယ်နိုင်ရေး ပြတိုက် လာရောက် ကြည့်ရှုသူအရေအတွက်ကို ကန့်သတ်ဖို့ စဉ်းစားနေတယ်လို့ ဗာတီကန်နန်းတော်က ပြောကြားလိုက်ပါတယ်။

နန်းတော်အတွင်း နေ့စဉ်လာရောက်သူ ၂၀,၀၀၀ နီးပါးတို့ရဲ့ ရှူထုတ်တဲ့လေ၊ ချွေး၊ ကိုယ်အပူရှိန်တို့ ကြောင့် စတင် ပျက်စီးစပြုနေပြီဖြစ်တဲ့ အာဒမ်ကို ဘုရားသခင်ဖန်ဆင်းနေတဲ့ ကမ္ဘာကျော်ပန်းချီကား အပါအဝင် ပန်းချီကားတွေကို ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ ပြတိုက် ညွှန်ကြားရေးမှူး Antonio Paolucci က ပြောကြားလိုက်ပါတယ်။

၁၉၉၀ ပြည့်လွန်က တပ်ဆင်ခဲ့တဲ့ လေအေးပေးစက်တွေဟာ ဧည့်သည်တွေဆီက ထွက်လာတဲ့ အညစ်အကြေးတွေကို အလုံအလောက် ကာကွယ်နိုင်စွမ်း မရှိတော့ဘူးလို့ ဗုဒ္ဓဟူးနေ့ကထုတ်ဝေတဲ့ သတင်းစာ ဆောင်းပါးထဲမှာ ပေါင်လူချီက ရေးသားထားတာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ပြတိုက်လာရောက်သူ အရေအတွက်ကို ထိန်းသိမ်းနိုင်ဖို့ မမြင်သေးပေမယ့် ရေရှည်မှာ ကန့်သတ်သွားဖို့ စဉ်းစားနေတယ်လို့ သူက ဆိုပါတယ်။

ဒီဗုဒ္ဓဟူးနေ့ဟာ ကမ္ဘာကျော် နံရံရေး ပန်းချီတွေကို ပုဒ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျူးလီးယက်က စတင်ဖွင့်လှစ်ပေးခဲ့တဲ့ နှစ် ၅၀၀ ပြည့် အထိမ်းအမှတ် ဖြစ်ပါတယ်။
XS
SM
MD
LG