သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလားရွေးကောက်ပွဲရလဒ် အမေရိကန်နဲ့ လက်တင်နိုင်ငံများ သံသယမေးခွန်းထုတ်

ဗင်နီဇွဲလားနိုင်ငံ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတက အနိုင်ရကြောင်းကြေညာပြီး အောင်ပွဲခံနေစဥ်။ (ဇူလိုင် ၂၉၊ ၂၀၂၄)
ဗင်နီဇွဲလားနိုင်ငံ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတက အနိုင်ရကြောင်းကြေညာပြီး အောင်ပွဲခံနေစဥ်။ (ဇူလိုင် ၂၉၊ ၂၀၂၄)

ဗင်နီဇွဲလားသမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Nicolas Maduro အနိုင်ရတယ်လို့ ရွေးကောက်ပွဲအာဏာပိုင်တွေက ကြေညာပေမယ့် အမေရိကန်ပြည်ထောင်စုနဲ့ လက်တင်အမေရိကန်တိုင်းပြည်အတော်များများကတော့ ရလဒ် တရားဝင်မှုအပေါ် မေးခွန်းထုတ်ကြပါတယ်။

သမ္မတ Maduro ဟာ မဲရလဒ် ၅၁ ရာခိုင်နှုန်း၊ အတိုက်အခံသမ္မတလောင်း Edmundo Gonzalez က မဲ ၄၄ ရာခိုင်နှုန်းရတယ်လို့ မဲရုံတွေပိတ်ပြီးနောက် ၆ နာရီအကြာမှာပဲ ရွေးကောက်ပွဲအာဏာပိုင်တို့က ကြေညာလိုက်တာပါ။ မဲ ကြိုတင်ခန့်မှန်းချက်တွေမှာတော့ အတိုက်အခံခေါင်းဆောင် Gonzalez က အတော်လေးအသာနဲ့ အနိုင်ရတယ်လို့ ပြနေတဲ့နောက် သမ္မတ Maduro အနိုင်ရတယ်လို့ ရွေးကောက်ပွဲအာဏာပိုင်တို့ ကြေညာလိုက်တာပါ။

ရလဒ်ကြေညာပြီးတဲ့နောက် မြို့တော် Caracas တဝန်းက ဒေသခံတွေကတော့ မနက်လင်းအားကြီးမှာ သံပုံးတွေထုတီးပြီး ဆန္ဒပြကြပါတယ်။

လက်ရှိသမ္မတက ရွေးကောက်ပွဲအနိုင်ရကြောင်း ကြေညာချက်အပေါ် ဆန္ဒပြနေကြတဲ့ပြည်သူများ (ဇူလိုင် ၂၉၊ ၂၀၂၄)
လက်ရှိသမ္မတက ရွေးကောက်ပွဲအနိုင်ရကြောင်း ကြေညာချက်အပေါ် ဆန္ဒပြနေကြတဲ့ပြည်သူများ (ဇူလိုင် ၂၉၊ ၂၀၂၄)

ရွေးကောက်ပွဲအာဏာပိုင်တွေကြေညာတဲ့ ရလဒ်ဟာ ဗင်နီဇွဲလားပြည်သူတွေရဲ့ မဲနဲ့ ဆန္ဒသဘောထားကို ထင်ဟပ်မှုမရှိတဲ့အပေါ် အတော်လေး စိုးရိမ်မိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။ လက်တင်အမေရိကန်တိုက် နိုင်ငံ ၉ နိုင်ငံကတော့ မဲရုံအချက်အလက်တွေကို စစ်ဆေးဖို့ တောင်းဆိုပါတယ်။

ဒေသတွင်း လက်ဝဲလှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်တဲ့ ဘရားဇီးသမ္မတရဲ့ ကြေညာချက်မှာလည်း သမ္မတ Maduro ကို အနိုင်ရဂုဏ်ပြုစကားပြောတာမရှိဘဲ ရွေးကောက်ပွဲရလဒ် ပွင့်လင်းမြင်သာမှု၊ အများယုံကြည်မှုနဲ့ တရားဝင်မှုရှိစေဖို့ အရေးကြီးတယ်ဆိုတာကို ထောက်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း သမ္မတ Maduro အနိုင်ရတဲ့အပေါ် ကျူးဘား၊ နီဂါရာဂွာ၊ ရုရှား၊ ဘိုလီးဗီးယားနဲ့ ဟွန်ဒူရက်စ်နိုင်ငံတွေက လက်ဝဲခေါင်းဆောင်တွေကတော့ ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG