သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလား လေယာဉ်ပျက်၊ ၁၄ ဦးသေ


ဗင်နီဇွဲလားနိုင်ငံ အရှေ့ပိုင်းမှာ လေယာဉ်ပျံတစင်း ပျက်ကျလို့ ၁၄ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ သက်ဆိုင်ရာက ပြောပါတယ်။

လေယာဉ်ပျက်ကျမှုမှာ အနည်းဆုံး ၃၃ ယောက် အသက်ရှင် ကျန်ရစ်ပြီး ဆေးကုသမှု ခံယူနေကြတယ်လို့ ပြည်တွင်း သတင်းတွေက ပြောပါတယ်။ လူ ၄ ယောက်ကတော့ သေသလား၊ ရှင်သလား မသိရသေးပါဘူး။

အစိုးရပိုင် ကွန်ဗီယာဆာ (Conviasa) လေကြောင်းက ခရီးသည် ၅၀ လောက် တင်ဆောင်လာတဲ့ လေယာဉ် တနင်္လာနေ့က ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

မာဂရီတာ (Margarita) ကျွန်းပေါ်ကနေ ပွာတို အော်ဒက်ဇ် (Puerto Ordaz) မြို့ဆီ ပျံသန်းသွားတဲ့ လေယာဉ်ဟာ ဆီယူဒက်ဝှေညာနာ မြို့နားက သံမဏိစက်ရုံပေါ် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

လေယာဉ် ဘာကြောင့် ပျက်ကျတယ်ဆိုတဲ့ အသေးစိတ်ကို အခုချိန်ထိ မသိရသေးပါဘူး။

XS
SM
MD
LG