သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

Venezuela အရေး သူပြည်သူတွေ ဆုံးဖြတ်ဖို့ EU လိုလား


တိုင်းပြည်ရဲ့အနာဂတ်အတွက် ဗင်နီဇွဲလားပြည်သူတွေဆုံးဖြတ်ကြဖို့ ဥရောပသမဂ္ဂနဲ့လက်တင်အမေရိကနိုင်ငံတွေက တိုက်တွန်းတောင်းဆိုလိုက်ကြပါတယ်။ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ကြိုးစားမှုမှန်သမျှကို နယ်စပ်ကနေ တားဆီးပိတ်ပင်ထားဖို့လည်း လက်ရှိဗင်နီဇွဲလားသမ္မတ မာဒူရိုက စစ်တပ်ကိုအမိန့်ပေးထားပါတယ်။ ဗင်နီဇွဲလားက အခြေအနေတွေအကြောင်း Marissa Melton ရေးသားထားတဲ့သတင်းကို ကိုကျော်အောင်လွင်ဆက်ပြော ပါလိမ့်မယ်။

ဗင်နီဇွဲလားနိုင်ငံရဲ့ စီးပွားရေးနဲ့နိုင်ငံရေးအကျပ်အတည်းတွေက နိုင်ငံတကာသံတမန်အသိုင်းအတွက်တော်တော် အလုပ် တွေရှုပ်သွားစေတာဖြစ်ပြီး အမေရိကန်အပါအ၀င် တောင်နဲ့မြောက်အမေရိကတိုက်အတွင်းမှာ သံတမန်တွေရဲ့ဗင်နီဇွဲ လားအရေးဆွေးနွေးပွဲတွေ အခုတလောဆက်တိုက်လုပ်နေကြရပါတယ်။ မနေ့ကကြာသပတေးနေ့တုန်းကပဲ ဥရောပနဲ့လက်တင်အမေ ရိကန်သံတမန်တွေရဲ့ ဗင်နီဇွဲလားအရေးဆွေးနွေးပွဲတခုကို ဥရုဂွေးနိုင်ငံမှာကျင်းပခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာဖြစ်ပေါ် နေတဲ့အကျပ်အတည်းတွေရဲ့အခြေခံအကြောင်းအရင်းတွေကို နည်းလမ်းတခုထဲနဲ့ဖြေရှင်းလို့ မဖြစ်နိုင်ဘူးဆိုလို့အီးယူဥရော ပသမဂ္ဂကလက်ခံထားတဲ့အကြောင်း ဥရောပသမဂ္ဂရဲ့ ထိပ်တန်းသံတမန်၊ Federica Mogherini ကပြောပါတယ်။

"ဗင်နီဇွဲလားမှာကြုံနေရတဲ့အကျပ်အတည်းကို ဗင်နီဇွဲလားပြည်သူတွေရဲ့ကိုယ်ပိုင်ဖြေရှင်းမှုနဲ့ ဒီမိုကရစီကျကျ လုပ်ဆောင် နိုင်ရေးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဖြစ်ပေါ်အောင် နိုင်ငံတကာဘုံသဘောတူညီချက်အတိုင်းဆောင်ရွက်ဖို့ ဥရောပသမဂ္ဂက ရည်ရွယ်ပြီး အားပေးလုပ်ဆောင်နေပါတယ်။ ဗင်နီဇွဲလားနိုင်ငံရဲ့အကျပ်အတည်းကိုဖြေရှင်းရေးမှာ အင်အားသုံးဖြေရှင်းမှု တွေမပါပဲ၊ ထင်သာမြင်သာရှိပြီးခိုင်မာယုံကြည်ရမယ့်သမ္မတရွေးကောက်ပွဲကို ဗင်နီဇွဲလားဖွဲ့စည်းပုံဥပဒေနဲ့အညီကျင်းပ နိုင်ရေးကိုလည်း ဥရောပသမဂ္ဂက တိုက်တွန်းပါတယ်"

အကြမ်းဘက်မှုတွေ၊ နိုင်ငံခြားတိုင်းပြည်တွေက ကြားဝင်စွက်ဖက်တာတွေမပါပဲနဲ့ ဗင်နီဇွဲလားပြည်သူတွေကိုယ်တိုင် ကိုယ့် နိုင်ငံအရေးကိုဖြေရှင်းတာမျိုးကို လိုလားတဲ့အကြောင်း Federica Mogheriniကပြောပါတယ်။ ဥရုဂွေးနိုင်ငံရဲ့ မြို့တော် montevideo မှာမနေ့ကကျင်းပတဲ့ ဗင်နီဇွဲလားအရေး နိုင်ငံတကာအစည်းအဝေးကို ဥရုဂွေးသမ္မတ Tabare Vazquez က ကမကထလုပ်ကျင်းပပေးတာဖြစ်ပြီး စပိန်၊ အီတလီ၊ ပေါ်တူဂီနဲ့ဆွီဒင်အပါအ၀င်နိုင်ငံ၁၄ခုက ခေါင်းဆောင်တွေတက် ရောက်ဆွေးနွေးခဲ့ကြတာပါ။ ဒီအစည်းအဝေးဟာ ကနေဒါနိုင်ငံ အော်တ၀ါမြို့တော်မှာ တနင်္လာနေ့တုန်းက ကျင်းပခဲ့တဲ့ ဗင်နီဇွဲလားဆိုင်ရာ နိုင်ငံတကာအရေးပေါ်အစည်းအဝေးအပြီး ၂ရက်အကြာမှာကျင်းပတာဖြစ်ပါတယ်။ ကနေဒါနိုင်ငံက အစည်းအဝေးမှာတုန်းက ဗင်နီဇွဲလားအကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းရေး လက်တင်အမေရိကန်နိုင်ငံ၁၄ခုနဲ့ဖွဲ့ စည်းထားတဲ့ Lima လို့ခေါ်တဲ့အဖွဲ့က ကိုယ်စားလှည်တွေလည်းတက်ရောက်ခဲ့ကြပါတယ်။ အဲဒီမှာတုန်းက လီမာအဖွဲ့ ၀င် ၁၄နိုင်ငံထဲက ၁၁နိုင်ငံဟာ ဗင်နီဇွဲလားက အတိုက်အခံခေါင်းဆောင် Juan Guaidoကိုထောက်ခံကြောင်းကြေညာခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာလည်း ဗင်နီဇွဲလားအရေး လွှတ်တော်အတွင်းကြားနာမှုတရပ်ကျင်းပခဲ့ပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ၀ိုင်းဝန်းပံ့ပိုးမှုနဲ့ ဗင်နီဇွဲလားပြည်သူတွေဦးဆောင်တဲ့ ဒီမိုကရေစီအကူးအပြောင်းကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ရတဲ့အကြောင်း အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ်ရဲ့ရေတပ်ဗိုလ်ချုပ်ကြီး Craig Faller က အထက်လွှတ်တော် စစ်ဘက်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ ကော်မီတီကိုပြောကြားခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနလည်း ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် Juan Guaidoကိုအားပေး ထောက်ခံနေကြောင်း၊ ဗင်နီဇွဲလားနိုင်ငံမှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေကို ဘေးကင်းရာကယ်တင်မှုကိစ္စအပြင် စစ်ရေးအရလုပ်ဆောင်မှု တွေရှိမယ်ဆိုရင်တော့ လွှတ်တော်နဲ့ တိုင်ပင်ညှိနှိုင်းရလိမ့်မယ်လို့လည်း လွှတ်တော်အမတ်တွေကပြောပါတယ်။

ဗင်နီဇွဲလားနိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာအကူညီတွေအရေးပေါ်လိုအပ်နေတာကြောင့် နိုင်ငံတကာကအကူ အညီတွေပေးနေတာကို လက်ရှိဗင်နီဇွဲလားသမ္မတ မာဒူရိုကတားမြစ်ဖို့အမိန့်ထုတ်ထားပါတယ်။ ဗင်နီဇွဲလားနဲ့ကပ်ရက် ကိုလံဘီယာနယ် စပ်မှာရှိတဲ့တံတားတခုပေါ်မှာ အကူအညီပေးရေးအဖွဲ့တွေကို ဗင်နီဇွဲလားတပ်ဖွဲ့တွေရဲ့တားဆီးမှု တွေ က မနေ့တုန်းက အထိ ဆက်ပြီးရှိနေတုန်းပါ။

အဲဒီတံတားဟာ ၂နိုင်ငံအကြားမှာအရေးပါတဲ့ သုံးလမ်းသွားတံတားတခုဖြစ်ပြီး အဲဒီတံတားတခုစီရဲ့အလည်ခေါင်မှာတော့ ကွန်တိန်နာကုန်တင်သေတ္တာကြီးတွေကို ဗုဒ္ဓဟူးနေ့က ကန့်လန့်ဖြတ်ချ ပိတ်ဆို့ထားပြီး လက်နက်ကိုင်အစောင့်တွေလည်း အဲဒီနေရာတ၀ိုက်ကင်းလှည့်နေတာပါ။

Venezuela အရေး သူပြည်သူတွေ ဆုံးဖြတ်ဖို့ EU လိုလား
please wait

No media source currently available

0:00 0:03:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG