သုံးရလွယ်ကူစေသည့် Link များ

ဗင်နီဇွဲလား နိုင်ငံရေးတင်းမာမှု မြင့်မားလာ

Protesting students shout slogans against Venezuela's President Nicolas Maduro in Caracas, Venezuela, Friday, Feb. 14, 2014. Students are protesting the Wednesday killings of two university students who were shot in different incidents following an anti-g

ဗင်နီဇွဲလားနိုင်ငံမှာ ဆက်ဖြစ်နေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို တန်ပြန်တဲ့အနေနဲ့ သမ္မတ Nicolas Maduro က သူ့ကို ထောက်ခံသူ ထောင်ပေါင်းများစွာကို ဦးဆောင်ပြီး စနေနေ့က ဆန္ဒပြပွဲတစ်ခု လုပ်ခဲ့ပါတယ်။

သမ္မတဟောင်း ဟူးဂိုး ချာဗက်ဇ်ကို ဆက်ခံသူ သမ္မတ Maduro က ဗင်နီဇွဲလားနိုင်ငံရဲ့ မြို့တော်မှာလုပ်ခဲ့တဲ့ ဆန္ဒပြပွဲအတွင်း အတိုက်အခံခေါင်းဆောင် Leopoldo Lopez ကို ပြစ်တင် ရှုတ်ချခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေ၊ အစိုးရကိုထောက်ခံသူတွေနဲ့ ပြင်းထန်တဲ့ ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပြီး လူအသေအပျောက်ရှိခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို စီစဉ်ခဲ့တာကြောင့် Lopez ကို လက်ရှိမှာ ဖမ်းဝရမ်းထုတ်ထားပါတယ်။ ရုန်းရင်းဆန်ခတ်မှုတွေ ကြောင့် အတိုက်အခံဆန္ဒပြသူနှစ်ဦးအပါအဝင် လူ သုံးဦး သေဆုံးခဲ့ရပါတယ်။

အတိုက်အခံခေါင်းဆောင် Lopez ကို ဖက်ဆစ်ဝါဒီ၊ သူရဲဘောကြောင်သူလို့ မစ္စတာ Maduro က စနေနေ့မှာ ခေါ်ဆိုပြီး အဖမ်းခံဖို့ တောင်းဆိုခဲ့ပါတယ်။
XS
SM
MD
LG