သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလား၊ ဆီးရီးယား အမေရိကန် ဆန့်ကျင်ရေး ဆွေးနွေး


ဗင်နီဇွဲလား သမ္မတ ဟူးဂိုး ချာဗက်ဇ်(ယာ) နှင့် ဆီးရီးယားသမ္မတ ဘာရှား အာဆတ်ဒ်။ အောက်တိုဘာ ၂၁၊ ၂၀၁၀။
ဗင်နီဇွဲလား သမ္မတ ဟူးဂိုး ချာဗက်ဇ်(ယာ) နှင့် ဆီးရီးယားသမ္မတ ဘာရှား အာဆတ်ဒ်။ အောက်တိုဘာ ၂၁၊ ၂၀၁၀။

ဗင်နီဇွဲလား သမ္မတ ဟူးဂိုး ချာဗက်ဇ် (Hugo Chavez) ဟာ သူ့အခေါ် အမေရိကန် နယ်ချဲ့ဝါဒကို တန်ပြန်ရေး မဟာမိတ် လိုက်ဖွဲ့တဲ့ အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း ဆီးရီးယား သမ္မတနဲ့ ကြာသပတေးနေ့က တွေ့ဆုံခဲ့ပါတယ်။

မစ္စတာ ချာဗက်ဇ်ဟာ အီရန်သမ္မတ မာ့ခ်မုဒ် အမာဒနီးဂျက်ဒ် (Mahmoud Ahmadinejad) နဲ့ တွေ့ဆုံခဲ့ပြီး တီဟီရန်မြို့တော်ကနေ ဗုဒ္ဓဟူးနေ့က လေယာဉ်နဲ့ ခရီးဆက်သွားတာပါ။ ကမ္ဘာ့ရေးရာတွေမှာ အနောက်နိုင်ငံတွေက လွှမ်းမိုးနေတာကို ဖြိုဖျက်နိုင်ဖို့အတွက် ကမ္ဘာ့အခင်းအကျင်းသစ်ကို ထူထောင်မယ်ဆိုပြီး မစ္စတာ ချာဗက်ဇ်နဲ့ မစ္စတာ အမာဒနီးဂျက်တို့ နှစ်ယောက် သန္နိဋ္ဌာန်ချ ပြောဆိုခဲ့ကြပါတယ်။

ဗင်နီဇွဲလား ခေါင်းဆောင်ဟာ ဆီးရီးယားနိုင်ငံကနေလည်း အလားတူ ထောက်ခံမှုမျိုး ရဖို့ ကြိုးစားနေတာပါ။ ဆီးရီးယားနိုင်ငံဟာ အကြမ်းဖက်ဝါဒကို အားပေး ထောက်ခံတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ယူဆတာကြောင့် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။

ဆီးရီးယားဟာ နျူကလီးယားဆိုင်ရာ လျှို့ဝှက် လုပ်ဆောင်တာတွေ ရှိနေတယ် ဆိုပြီးတော့လည်း အမေရိကန်က စွပ်စွဲထားပါတယ်။ ဒါပေမဲ့ ဆီးရီးယားကတော့ အဲဒါကို ငြင်းထားပါတယ်။

အီရန်နဲ့ ဗင်နီဇွဲလား နှစ်နိုင်ငံအကြား ရေနံ၊ သဘာဝဓာတ်ငွေ့၊ အထည်အလိပ်နဲ့ ကုန်သွယ်ရေး ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့အတွက် သဘောတူညီချက် ၁၁ ခုကို ဟူးဂိုး ချာဗက်ဇ်နဲ့ အီရန် တာဝန်ရှိသူတွေ လက်မှတ်ရေးထိုးခဲ့ပါတယ်။

XS
SM
MD
LG