သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလား- ဘရာဇီး နယ်စပ်တင်းမာမှု လူ ၂ ဦးသေဆုံး


ဗင်နီဇွဲလား လုံခြုံရေးတပ်ဖွဲ့တွေနဲ့ မျက်နှာချင်းဆိုင်ရပ်ပြီး ဖြတ်ကျော်ဖို့ စောင့်ဆိုင်းနေသူများ။ (ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၉)
ဗင်နီဇွဲလား လုံခြုံရေးတပ်ဖွဲ့တွေနဲ့ မျက်နှာချင်းဆိုင်ရပ်ပြီး ဖြတ်ကျော်ဖို့ စောင့်ဆိုင်းနေသူများ။ (ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၉)

ဗင်နီဇွဲလားနဲ့ ဘရာဇီးလ် နှစ်နိုင်ငံနယ်စပ်နားမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်တာကြောင့် အရပ်သား နှစ်ဦးထက် မနည်း သေဆုံးပြီး အတော်များများ ဒဏ်ရာရ သွားပါတယ်။

သောကြာနေ့က အဲဒီဖြစ်ရပ်ဟာ ဗင်နီဇွဲလားနိုင်ငံ အရှေ့တောင်ပိုင်းက ဘရာဇီးလ်နိုင်ငံနဲ့ နယ်စပ် Pemon လူမျိုးစုတိုင်းရင်းသား တွေ နေထိုင်တဲ့ Gran Sabana ဒေသမှာ ဖြစ်တာ လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

နိုင်ငံတွင်းကို လူသားစာနာမှုအကူအညီတွေ ဝင်မလာအောင် သမ္မတ Nicolas Maduro တားဆီးနေတာကို အဲဒီဒေသလူထုက ကန့်ကွက်ကြတာလို့ မျက်မြင်တွေကပြောပါတယ်။

ဗင်နီဇွဲလား အိမ်စောင့်တပ်နဲ့ ကြည်းတပ်က ဘရာဇီးလ်နယ်စပ်မှာ တင့်ကားတွေ ရွှေ့ပြောင်းချထားတာနဲ့အမျှ Pemon တိုင်းရင်း သား လူမျိုးစုဝင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်တာလို့ ဒေသတွင်း တာဝန်ရှိသူတဦးဖြစ်တဲ့ မြို့တော်ဝန် Emilio Gonzalez က အေပီသတင်းဌာနကို ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရာဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီး ဆန္ဒပြသူတွေက မြားတွေ၊ ကျောက်ခဲတွေနဲ့ ပြန်ပစ် ကြတယ်လို့ မျက်မြင်တွေကပြောပါတယ်။

အကူအညီတွေကို စနေနေ့မှာ စပြီးပေးပို့ဖို့ စီစဉ်ထားပါတယ်။ ဘရာဇီးလ်နယ်စပ်မှာ ရောက်နေတဲ့ အကူအညီတွေအပြင် အဓိကအားဖြင့် အမေရိကန်ကပေးပို့တဲ့ အစားအစာ၊ ဆေးဝါးနဲ့ တခြားအကူအညီ တန်ပေါင်းများစွာဟာ ဗင်နီဇွဲလားဘက်ကူးတဲ့ တံတား ရဲ့ ကိုလမ်ဘီယာနိုင်ငံဘက်ခြမ်း ဂိုဒေါင်တွေထဲမှာ ဒီတိုင်းရှိနေဆဲဖြစ်ပါတယ်။ သမ္မတ Maduro က အကူအညီတွေကိုငြင်းထားပြီး ဒါကို အမေရိကန်ကျူးကျော်မှုရဲ့ အစအဖြစ် သတ်မှတ်ထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG