သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဗင်နီဇွဲလား အစိုးရနဲ့အတိုက်အခံ နော်ဝေးမှာ ဆွေးနွေးမည်


နိုင်ငံရေး စီးပွားရေး အကျပ်အတည်းတွေ ကြုံနေရတဲ့ ဗင်နီဇွဲလား နိုင်ငံရေးအရ ပြေလည်မှုမရနိုင်ဘဲ ဖြစ်နေတာတွေကို ဆွေးနွေးဖို့ အစိုးရနဲ့ အတိုက်အခံ ကိုယ်စားလှယ်တွေ နော်ဝေနိုင်ငံမှာ ရောက်နေကြပါတယ်။

သမ္မတ Nicolas Maduro ကိုယ်စား ပြန်ကြားရေးဝန်ကြီး Jorge Rodriguez ဆွေးနွေးမှာ ဖြစ်ပြီး အတိုက်အခံ ကိုယ်စားလှယ်အဖွဲ့ကိုတော့ လွှတ်တော် အမတ် Stalin Gonzalez က ဦးဆောင်မှာဖြစ်ကြောင်းလည်း တာဝန်ရှိသူတွေက ပြောပါတယ်။ ပြန်ကြားရေး ဝန်ကြီးဟာ အရေးကြီးတဲ့ ခရီးစဉ်နဲ့ ပြည်ပမှာ ရောက်ရှိနေကြောင်း မနေ့တုန်းက ရုပ်မြင်သံကြား မိန့်ခွန်းမှာ သမ္မတက ပြောဆိုထားပေမဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။

အစိုးရကို ဆန့်ကျင်ပြီး ဘက်ပြောင်းလာဖို့ အတိုက်အခံခေါင်းဆောင် Juan Guaido က ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့မှာ စစ်တပ်ကို တိုက်တွန်းခဲ့ပေမဲ့ ပူးပေါင်းမှုမရှိခဲ့တဲ့နောက် နော်ဝေမှာ ဆွေးနွေးမယ့် အစီအစဉ် ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ သမ္မတ Maduro အနိုင်ရတာဟာ မဲမသမာမှုကြောင့်ဖြစ်ကြောင်း အတိုက်အခံကအများစုနဲ့ ထိန်းချုပ်ထားတဲ့ လွှတ်တော်က ဆုံးဖြတ်ခဲ့ပြီးနောက် ဒီနှစ် ဆန်းမှာပဲ လွှတ်တော်ဥက္ကဋ္ဌလည်း ဖြစ်တဲ့ Guaido က ယာယီသမ္မတအဖြစ် ကြေညာထားတာပါ။

အမေရိကန်အပါအဝင် နိုင်ငံ ၅၀ လောက်ကတော့ အတိုက်အခံ ခေါင်းဆောင်ကို ဗင်နီဇွဲ လားနိုင်ငံ ခေါင်းဆောင်အဖြစ် တရားဝင် အသိအမှတ်ပြု လက်ခံထားကြပါတယ်။ ဒီအတွက် လက်ရှိသမ္မတ Maduro အစိုးရကို စစ်ပစ္စည်းတွေ ထောက်ပံ့နေတဲ့ ရုရှားနိုင်ငံ၊ အကူအညီပေးဖို့ တပ်တွေ စေလွှတ်ထားတယ်လို့ အမေရိကန်က စွပ်စွဲထားတဲ့ ကျူးဘားနိုင်ငံတို့နဲ့ အမေရိကန်ကြား မပြေမလည် အခြေအနေတွေနဲ့လည်း ကြုံနေရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG