သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလားဆန္ဒပြပွဲ ၅ ဦးသေ


ဗင်နီဇွဲလားနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ် အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေအတွင်း ဒဏ်ရာရခဲ့သူတွေထဲက ၅ ဦးမြောက် ဆန္ဒပြသူတဦး ထပ်မံ သေဆုံးသွားပါတယ်။

သေဆုံးသူဟာ အသက် ၂၂ နှစ်အရွယ် ကျောင်းသားလေးတဦးပါ။ သူဟာ Valencia မြို့လည်မှာ ဆိုရှယ်လစ်အစိုးရ သမ္မတ Nicolas Maduro ကို ဆန္ဒပြပွဲအတွင်း အင်္ဂါနေ့က ဦးခေါင်းမှာ သေနတ်မှန်ခဲ့တာ ဖြစ်ပါတယ်။

တချိန်ထဲမှာပဲ ဗုဒ္ဓဟူးနေ့က အတိုက်အခံခေါင်းဆောင် Leopold Lopez ကို Caracas တရားရုံးမှာ တရားစွဲဆိုထားတဲ့ တပတ်ကြာ အကြမ်းဖက် ဆန္ဒပြမှုတွေနဲ့ လက်ရှိ သမ္မတ Maduro ကို ဖြုတ်ချဖို့ လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲမှုကို မကြားနာခင်က သူ့ကို ထောက်ခံသူတွေဟာ တရားရုံးရှေ့မှာ စုဝေး လာရောက်ခဲ့ကြပါတယ်။

မစ္စတ Lopez က အင်္ဂါနေ့တုန်းက အဖမ်းခံခဲ့တဲ့အတွက် သူဟာ ထောင်ထဲမှာ ညအိပ်ခဲ့ရပါတယ်။ သူ့အတွက် ထုတ်ခဲ့တဲ့ ဖမ်းဝရမ်းအရဆိုရင်တော့ သူဟာ လူသတ်မှု အပါအဝင် စွဲချက်တွေကို ရင်ဆိုင်ရဖို့ ရှိပါတယ်။

မစ္စတာ Lopez ကို လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ ဆန္ဒပြသူတွေကို သံချပ်ကာ ကားတွေထဲကနေ နိုင်ငံတော် လုံခြုံရေးတပ်တွေက စောင့်ကြည့်နေခဲ့ကြပါတယ်။
XS
SM
MD
LG