သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hugo Chavez ဗင်နီဇွဲလားသမ္မတ အဖြစ် ပြန် လည် ရွေးကောက်ခံရ


Venezuela သမ္မတ Hugo Chavez
Venezuela သမ္မတ Hugo Chavez
ဗင်နီဇွဲလားနိုင်ငံမှာ လက်ဝဲမူဝါဒတွေကို ဆက်ပြီး ကျင့်သုံးသွားမယ်လို့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် သမ္မတ ဟူးဂိုး ချာဗက်ဇ် က ကတိပေး ပြောဆိုလိုက်ပါတယ်။
တရားဝင်ရလာဒ်တွေအရ မစ္စတာချာဗက်ဇ်ဟာ မဲအရေအတွက် ၅၄ ရာခိုင်နှုန်းရခဲ့ပြီး သူ့ရဲ့ပြိုင်ဘက်ဖြစ်သူ Henrique Capriles က ၄၅ ရာခိုင်နှုန်း ရခဲ့ပါတယ်။ ဒီရွေးကောက်ပွဲဟာ တကယ့်ကိုစစ်မှန်တဲ့ ဒီမိုကရေစီနည်းကျ ပြိုင်ပွဲဖြစ်တယ်လို့ ကာရာကတ်စ် မြို့တော်က သမ္မတနန်းတော် ဆင်ဝင်ကနေ တနင်္ဂနွေနေ့ကပြောတဲ့မိန့်ခွန်းထဲမှာ မစ္စတာချာဗက်ဇ်က ပြောခဲ့ပါတယ်။

သူမိန့်ခွန်းပြောတဲ့အချိန်အတွင်း ၁၉ ရာစုနှစ်က လွတ်လပ်ရေးသူရဲကောင်းနဲ့ စစ်ခေါင်းဆောင်ဖြစ်သူ Simon Bolivar ကိုင်ဆောင် ခဲ့တဲ့ ဓားနဲ့ ပုံစံတူလုပ်ထားတဲ့ ဓားတလက်ကို ကိုင်ဆောင်ထားခဲ့ပါတယ်။
မစ္စတာ Capriles က သူရှုံးနိမ့်တယ်ဆိုတာကို တနင်္ဂနွေနေ့နှောင်းပိုင်းက လက်ခံခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံအတွက် ဆက်ပြီး အလုပ်လုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။

တနင်္ဂနွေနေ့ ရွေးကောက်ပွဲဟာ ၁၄ နှစ်ကြာ အာဏာရယူထားတဲ့ မစ္စတာချာဗက်ဇ်အတွက် အခက်ခဲဆုံးဖြစ်တယ်လို့ လေ့လာသူ တွေကပြောကြပါတယ်။
XS
SM
MD
LG