သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ရက်ကြာ လူထုအင်အားပြဖို့ Venezuela အတိုက်အခံ လှုံဆော်


Venezuela နိုင်ငံရဲ့ စစ်တပ်ကို သူ့ဖက်ပါလာအောင် စည်းရုံးကြိုးစားတဲ့အနေနဲ့ ယာယီသမ္မတအဖြစ် သူ့ကိုယ်သူကြေညာထားတဲ့ Juan Guaido က ဒီတပါတ်ထဲမှာ ၂ ရက် လူထုအင်အားပြပွဲလုပ်ဖို့ ဆော်သြထားပါတယ်။

သမ္မတ Nicolas Maduro ဖက်မှာရပ်တည်မယ့်အစား ပြည်သူတွေဖက်မှာ ရပ်တည်လည်အောင် ဗုဒ္ဓဟူးနေ့ နေ့လည်ကျရင် ၂ နာရီ ငြိမ်းငြိမ်းချမ်းချမ်း ဆနပြကြဖို့ Juan Guaido ကတိုက်တွန်းထားပါတယ်။ လာမယ့် စနေနေ့ကျရင်လည်း Venezuela တနိုင်ငံလုံးအပြင် တကမ္ဘာလုံးမှာရှိတဲ့ သူ့အပေါ် ထောက်ခံသူတွေကို လမ်းပေါ်ထွက် ဆန္ဒြုပကြဖို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ EU ဥရောပသမဂ္ဂက စနေနေ့ကို နောက်ဆုံးသတ်မှတ်ရက် ပေးထားတာဖြစ်ပါတယ်။ လက်ရှိ Maduro အစိုးရကို ပယ်ချပြီး ဒီမိုကရေစီကို ထောက်ခံတဲ့ စစ်သားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့လည်း Juan Guaido ပြောကြားထားပါတယ်။

နိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် စစ်သားတွေ လေးစားလိုက်နာကြောင်းပြသတာကို ပြည်သူတွေ စောင့်နေတယ်လို့ သူကပြောခဲ့ပါတယ်။ စစ်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ့် အစီအစဉ်စာရွက်တွေကိုလည်း ထောက်ခံသူတွေက လိုက်ဝေပေးခဲ့ကြပါတယ်။

စစ်သားတချို့ကတော့ အဲဒီစာရွက်တွေကို စုတ်ဖြဲခဲ့ကြပါတယ်။ ဒါပေမဲ့ နိုင်ငံထဲမှာ အစားအသောက်နဲ့ တခြားအခြေခံလိုအပ်မှုတွေ ဆိုးဆိုးဝါးဝါး ပြတ်တောက်ရှားပါးနေတာကို သူတို့နဲ့ သူတို့မိသားစုတွေ စိတ်ပျက်နေကြပြီလို့ စစ်မှုထမ်းတော်တော်များများက ပြောနေကြပါတယ်။ သမ္မတ Nicolas Maduro ကတော့ စစ်တပ်က သူ့ဖက်မှာရှိတယ်လို့ တနင်္ဂနွေနေ့က စစ်ရေးလေ့ကျင့်ပွဲတခုမှာ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG