သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာယောဂနေ့ ပထမအကြိမ် ကျင်းပ


နိုင်ငံတကာ ယောဂနေ့ကို အာရှတိုက်တဝှမ်းက ထောင်နဲ့ချီတဲ့သူတွေ ဒီကနေ့ တနင်္ဂနွေနေ့မှာ ဆင်နွှဲကြပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် အခြေစိုက် အိန္ဒိယသံရုံးက ပြုလုပ်တဲ့ ယောဂနေ့ အစီအစဉ်မှာ ထိုင်းလူထု ၄၅၀၀ လောက် ပါဝင်ဆင်နွှဲကြသလို ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ ယောဂဒေးအခမ်းအနားကို အိန္ဒိယသံအမတ်ကိုယ်တိုင် ပါဝင်ဆင်နွဲခဲ့ပါတယ်။

ဒီအခမ်းအနားကိုလည်း အိန္ဒိယသံရုံးကပဲ ကြီးမှုးကျင်းပပေးခဲ့တာပါ။ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာရှိတဲ့ မြို့တော်ခန်းမရှေ့ ရင်ပြင်မှာတော့ လူပေါင်း တထောင်လောက် စုရုံးပြီး ယောဂ ကျင့်စဉ်အချို့ကို လေ့ကျင့်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသား သင်ပြသူတွေဦးဆောင်တဲ့တရုတ်နိုင်ငံ ဘေကျင်း မြို့တော်က ယောဂနေ့ကို လူ ၅၀၀ လောက် တက်ရောက်ခဲ့ပြီး အဲဒီမှာ ယောဂကျင့်စဉ်တွေကို ပြသပေးခဲ့ပါတယ်။ ရှေးခတ်ကာလကတည်းက အိန္ဒိယ နိုင်ငံမှာရှိခဲ့တဲ့ ယောဂကျင့်စဉ်ဟာ လူတွေရဲ့စိတ်ကို ငြိမ်းချမ်းစေပြီး ခန္ဓာကိုယ်ကိုလည်း သက်တောင့်သက်သာ ဖြစ်စေတယ်လို့ လူအများက ယုံကြည်ထားကြတာပါ။

လွန်ခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ယောဂနေ့အဖြစ် သတ်မှတ်ဆောင်ရွက်ဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဒီအဆိုကိုထောက်ခံပြီး အိန္ဒိယနိုင်ငံနဲ့အတူ ပူးပေါင်းတင်ပြတဲ့ နိုင်ငံပေါင်း ၁၇၇ နိုင်ငံအထိ ရှိခဲ့ပြီးနောက် ဇွန်လ ၂၁ ရက်နေ့ကို နိုင်ငံတကာ ယောဂနေ့အဖြစ် ကုလသမဂ္ဂ အထွေထွေညီလာခံက ဒီဇင်္ဘာ ၁၁ ရက် ၂၀၁၄ ခုနှစ်မှာ အတည်ပြု သတ်မှတ်ပေးခဲ့ပါတယ်။

XS
SM
MD
LG