သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စစ်ပြန်များနေ့ ဂုဏ်ပြု


နိုင်ငံအတွက် အသက်ပေးခဲ့တဲ့ ဒုတိယ ကမ္ဘာစစ်မှုထမ်းဟောင်းဂူကို ကျန်ရစ်သူမိသားစုမှ ဂုဏ်ပြု။
နိုင်ငံအတွက် အသက်ပေးခဲ့တဲ့ ဒုတိယ ကမ္ဘာစစ်မှုထမ်းဟောင်းဂူကို ကျန်ရစ်သူမိသားစုမှ ဂုဏ်ပြု။

ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ဟာ အမေရိကန် ပြည်ထောင်စုရဲ့ စစ်ပြန် စစ်မှုထမ်းဟောင်းများနေ့ ဖြစ်ပါတယ်။ စစ်ပွဲတွေမှာ တာဝန် ထမ်းဆောင်ခဲ့ကြတဲ့ အမေရိကန် စစ်သည်တော်တွေကို ဂုဏ်ပြုတဲ့ အစိုးရ ရုံးပိတ်ရက်လည်း ဖြစ်ပါတယ်။ သက်ရှိထင်ရှား သိပ်မကျန်တော့တဲ့ ဒုတိယကမ္ဘာစစ်က စစ်ပြန်တွေအပြင် နိုင်ငံ အတွက် ပေးဆပ်ခဲ့တဲ့ စစ်မှုထမ်းတွေ အားလုံးကို ဒီကနေ့မှာ ဂုဏ်ပြုကြပါတယ်။

စစ်ပြန်စစ်မှုထမ်းဟောင်းနေ့တိုင်းမှာ နိုင်ငံခေါင်းဆောင်တွေဟာ အာလင်တန် အမျိုးသား စစ်သင်္ချိုင်းက အညတရ စစ်သည်ဗိမာန်မှာ ပန်းခွေချအလေးပြုပါတယ်။ ဒါ့အပြင် အမေရိကန် ပြည်ထောင်စု တဝန်းမှာ စစ်ပြန်စစ်မှုထမ်းဟောင်းနေ့ အထိမ်းအမှတ်ပွဲတွေ အခမ်းအနားတွေကို ကျင်းပကြပါတယ်။

အမေရိကန်စစ်ပြန်များနေ့ ဂုဏ်ပြု
please wait

No media source currently available

0:00 0:00:30 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG