သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ပြန်များ အောက်မေ့ဖွယ် နေ့ ဗြိတိန်ဂုဏ်ပြု


စစ်ပြန်များနေ့ အောက်မေ့ဖွယ်နေ့မှာ ကျဆုံးစစ်သည်များကို ဂုဏ်ပြုအခမ်းအနားတက်ရောက်လာသော ဗြိတိန်ဘုရင်မကြီး Elizabeth (နိုဝင်ဘာ ၁၀၊ ၂၀၁၃)
စစ်ပြန်များနေ့ အောက်မေ့ဖွယ်နေ့မှာ ကျဆုံးစစ်သည်များကို ဂုဏ်ပြုအခမ်းအနားတက်ရောက်လာသော ဗြိတိန်ဘုရင်မကြီး Elizabeth (နိုဝင်ဘာ ၁၀၊ ၂၀၁၃)
ဗြိတိန် ဘုရင်မကြီး Elizabeth က မနေ့ကတနင်္ဂနွေနေ့မှာကျရောက်တဲ့ စစ်ပြန်များအမှတ်တရအောက်မေ့ဖွယ်နေ့မှာ စစ်အတွင်း ကျဆုံးစစ်သည်တွေကို ဂုဏ်ပြုလိုက်ပါတယ်။

ပထမကမ္ဘာစစ်ပြီးဆုံးခဲ့တဲ့ ၁၉၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် နေ့အကြို တနင်္ဂနွေနေ့က လန်ဒန်မြို့လယ်မှာ ထောင်နဲ့ချီတဲ့လူထုက ၂ မိနစ်တာ ငြိမ်သက်ပြီး စစ်တွင်းကျဆုံးသူတွေကို အလေးပြုခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှတော့ ဒီကနေ့ တနင်္လာနေ့မှာ ကျရောက်တဲ့ စစ်ပြန်များနေ့မှာ အလားတူ စစ်ပြန်တွေကို ဂုဏ်ပြုကြဖို့ရှိပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ စစ်ပြန်များနေ့မှာ စစ်မှုထမ်းခဲ့ကြသူတွေအားလုံးကို ဂုဏ်ပြုကြပြီး မေလအတွင်းကျရောက်တဲ့ Memorial Day အောက်မေ့ဖွယ်နေ့ မှာတော့ စစ်အတွင်း ကျဆုံးသူအားလုံးကို အလေးပြုကြတာဖြစ်ပါတယ်။

စစ်ပြန်များနေ့ကို ၁၉၁၉ ခု စစ်ပြေငြိမ်းတဲ့နေ့ကစပြီး သတ်မှတ်ခဲ့တာဖြစ်ပါတယ် အဲဒီမတိုင်ခင်တနှစ်က ၁၁ လပိုင်းဖြစ်တဲ့နိုဝင်ဘာ ၁၁ ရက်နေ့ ၁၁ နာရီမှာ အမေရိကန်နဲ့ မဟာမိတ်တွေက ဂျာမဏီနိုင်ငံနဲ့ စစ်ပြေငြိမ်းကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG