သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်စွာကုန်သွယ်ဖို့ အမေရိကန် ဒုသမ္မတ တိုက်တွန်း


အမေရိကန် ဒု-သမ္မတဂျိုးဘိုင်ဒန် သွင်းကုန်-ထုတ်ကုန်ဘဏ် နှစ်ပတ်လည်အစည်းအဝေး မိန့်ခွန်းပြောကြားစဉ်။ (ဧပြီ ၅ ရက်၊ ၂၀၁၃)
ကမ္ဘာ့ကုန်သွယ်ရေးစည်းမျဉ်းတွေကို ပြန်လည်ပုံဖော်တဲ့နေရာမှာ ပစိဖိတ်ဒေသ မှာ နဲ့ ဥရောပသမဂ္ဂတို့မှာ အဆိုပြုခဲ့တဲ့ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူ ညီချက်ကို သုံးသွားမှာဖြစ်တယ်လို့ အမေရိကန် ဒု-သမ္မတ ဂျိုးဘိုင်ဒန်က ပြောလိုက်ပါတယ်။

ဒီသဘောတူညီချက်တွေက အခွန်တွေကို လျှော့ချတာအပြင် ကုန်သွယ်ရေး အတွက် အတားအဆီးဖြစ်စေတဲ့ ဗျူရိုကရေစီစနစ်နဲ့ တခြား အတားအဆီးတွေကို ဖယ်ရှားနိုင်ဖို့ သမ္မတအိုဘားမားအစိုးရက မျှော်လင့်ထားတယ်လို့ ဒုသမ္မတ ဂျိုးဘိုင်ဒန်က ပြည်ပကို ပို့ကုန်တွေ တင်ပို့နေတဲ့သူတွေကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

ကမ္ဘာ့စီးပွားရေးကို မောင်းနှင်နေတဲ့ အဓိကမောင်းနှင်အားဟာ ကမ္ဘာ့အရှေ့ခြမ်း ကို ရွှေ့သွားတာကြောင့် ပစိဖိတ်သမုဒ္ဒရာ တဘက်တချက်မှာ ရှိတဲ့ နိုင်ငံတွေကြား အကျိုးတူဆောင်ရွက်မှုက အရေးကြီးတယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် လာမယ့် ၅ နှစ်အတွင်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အများစုကို အာရှပစိဖိတ်ဒေသက ရရှိလာမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အမေ၇ိကန်နိုင်ငဟာ ဥရောပသမဂ္ဂနဲ့လည်း လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီချက်ကို တိုးမြှင့်လုပ်ဆောင်သွားဖို့လည်း ရည်ရွယ်ထားတယ် လို့ ပြောပါတယ်။ အမေရိကန်နဲ့ ဥရောပသမဂ္ဂကြားမှာ ကုန်သွယ်မှု နဲ့ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၅ ထရီလီယံ ရှိပါတယ်။
XS
SM
MD
LG