သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်မှာ ဒုတိယသမ္မတ အတည်ပြုဖွယ်ရှိ


တပ်မတော်သား လွှတ်တော်အမတ်တွေက ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ဒုတိယသမ္မတအဖြစ်နဲ့ ရွေးချယ်လိုက်ကြပြီလို့ လွှတ်တော်အမတ်အချို့က အတည်ပြုပြောဆိုပါတယ်။
တပ်မတော်သား လွှတ်တော်အမတ်တွေက ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ဒုတိယသမ္မတအဖြစ်နဲ့ ရွေးချယ်လိုက်ကြပြီလို့ လွှတ်တော်အမတ်အချို့က အတည်ပြုပြောဆိုပါတယ်။
တပ်မတော်သား လွှတ်တော်အမတ်တွေက ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ဒုတိယသမ္မတအဖြစ်နဲ့ ရွေးချယ်လိုက်ကြပြီ ဖြစ်ပါတယ်။ ဒုတိယသမ္မတသစ်အဖြစ် သြဂုတ်လ ၁၅ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်အစည်းဝေးမှာ ကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနား ပြုလုပ်ဖို့ လွှတ်တော် အစီအစဉ်ထဲမှာ ထည့်ထားတယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ကိုဇော်ဝင်းလှိုင်က ဆက်ပြောပြမှာပါရှင်။

ဟုတ်ကဲ့ပါ။ ကျန်းမာရေးကြောင့် ဒုသမ္မတ ရာထူးက အနားယူသွားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ တင်အောင်မြင့်ဦး နေရာမှာ ဘယ်သူ့ကို အစားထိုးခန့်အပ်မလဲ ဆိုတဲ့အပေါ် ပြည်တွင်း ပြည်ပက မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူတွေနဲ့ လွှတ်တော်အမတ်တွေကြားမှာ သို့လော သို့လော ဖြစ်နေခဲ့တာ ကြာပါပြီ။ အခုတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ဒုသမ္မတအဖြစ် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ရွေးချယ်ထားတယ်လို့ သီပေါမြို့နယ် မဲဆန္ဒနယ် ကိုယ်စားပြု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက လွှတ်တော်အမတ် ဦးရဲထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ ဦးဉာဏ်ထွန်းဗျ ဦးဉာဏ်ထွန်း။ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း၊ မနက်ဖြန် ကျမ်းသစ္စာကျိမ်ဆိုမယ် တစ်ခါတည်း။”

အသစ်ရွေးချယ်လိုက်တဲ့ ဒုသမ္မတကို သြဂုတ်လ ၁၅ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် အစည်းဝေးခေါ်ယူကျင်းပပြီး ကျမ်းသစ္စာ ကျိန်ဆိုဖို့အကြောင်းကြားစာ ထုတ်ထားတယ် ဆိုတာကိုလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက အမျိုးသားလွှတ်တော်အမတ် ဦးဂျော်ယောဝူက အတည်ပြု ပြောကြားပါတယ်။

“ ဟုတ်ပါတယ် အာဂျမ်တာ ဖတ်ပြီးပါပြီ။ မနက်ပိုင်းပဲ ဆယ်နာရီမှာ။ ဟုတ်ကဲ့။ အခုတော့ သူတို့အကုန် စစ်ဆေးပြီးပြီပေါ့။ အရည်အချင်းပြည့်မှီတယ်နေမှာပါ။ ဘာကြောင့်လည်း တစ်ခါတည်း ကျမ်းကျိမ်တော့မှာလေနော်။”

ဒုသမ္မတဟောင်း ဦးတင်အောင်မြင့်ဦး ရာထူးက အနားယူသွားတဲ့အကြောင်းကိုတော့ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ဇူလိုင်လ ၄ ရက်နေ့မှာ ကျင်းပတဲ့ လွှတ်တော် အစည်းအဝေး အတွင်း တရားဝင် ကြေညာခဲ့တာပါ။ အစောပိုင်းမှာ ဒုသမ္မတဖြစ်မယ်လို့ တစ်ပေး ခံနေရတဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေကတော့ သူ့ရဲ့ သားမက်ဖြစ်သူက သြစတေးလျနိုင်ငံသားဖြစ်နေတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတအရည်အချင်းနဲ့ဆိုင်တဲ့ ပြဌာန်းချက်တွေနဲ့ ညှိစွန်းနေတာကြောင့် သမ္မတ အရည်အချင်းစစ် ကော်မီတီက အတည်ပြုပေးဖို့ အခက်အခဲရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ သမ္မတ၊ သို့တည်းမဟုတ် ဒုသမ္မတ တစ်ဦးဦးသည် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိဘ တစ်ပါးပါး သော်လည်းကောင်း၊ ဇနီး၊ ခင်ပွန်း သော်လည်းကောင်း၊ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ၊ သို့တည်းမဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ (သို့မဟုတ်) တိုင်းတပါး နိုင်ငံသား မဖြစ်စေရလို့ ဖော်ပြထားတာ ဖြစ်ပါတယ်ခင်ဗျား။
XS
SM
MD
LG