သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးခံရသူထိုင်းအမျိုးသမီးကို မြန်မာ-ထိုင်းပူးပေါင်းကယ်တင်


လူကုန်ကူးခံရသူထိုင်းအမျိုးသမီးကို မြန်မာ-ထိုင်းပူးပေါင်းကယ်တင်
လူကုန်ကူးခံရသူထိုင်းအမျိုးသမီးကို မြန်မာ-ထိုင်းပူးပေါင်းကယ်တင်

ထိုင်းနိုင်ငံ၊ နာခွန်ရတ်ခ်ျစီမာမြို့နေ အသက် ၂၅ နှစ်အရွယ် ထိုင်းအမျိုးသမီးတဦးကို မြန်မာနယ်စပ် တာချီလိတ်မြို့ကတဆင့် တရုတ်နယ်စပ်ပန်ဆန်းဆီ လူကုန်ကူးခံရတဲ့အတွက် ထိုင်းနဲ့မြန်မာ တာဝန်ရှိသူတွေ ပူပေါင်းကယ်တင်ခဲ့ရပါတယ်။ အခုတော့ သူ့ကို ထိုင်းဖက်ကို ပြန်လည်လွှဲပေးလိုက်ပြီလို့လည်း သိရပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ၊ နာခွန်ရတ်ခ်ျစီမာပြည်နယ်၊ နာခွန်ရတ်ခ်ျစီမာမြို့မှာနေထိုင်နေတဲ့ ထိုင်းအမျိုးသမီးဟာ မြန်မာ TikTok အပလီကေးရှင်းကနေ အမည်မသိလူတစ်စုက တာချီလိတ်ခရိုင် KTV ဖျော်ဖြေရေးမှာ အလုပ်လုပ်ကိုင်ဖို့ စည်းရုံးခံရပြီးနောက် တာချီလိတ်ကတဆင့် တရုတ်နယ်စပ်၊ ပန်ဆန်းမြို့၊ တရုတ် ရင်းနှီးမြှုပ်နှံသူ စီးပွားရေးသမားတွေလက်ထဲမှာ ရောင်းစားခံရတယ်လို့ဆိုပါတယ်။

ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ကိုသတင်းပို့ခဲ့တာကတော့ သူ လူကုန်ကူးခံရကြောင်း အကူအညီ တောင်းခံလာတဲ့အတွက် ထိုင်းနဲ့ မြန်မာတာဝန်ရှိသူတွေ ပူးပေါင်းကယ်ဆယ်ခဲ့ရတယ်လို့ ရဲမှူးချုပ် ဆူရာချေ့ဟတ်ဖန်က ပြောသွားပါတယ်။ မြန်မာပြည်ကနေ တရုတ်နယ်စပ်ထိ ရောင်းစားခံရတဲ့ ထိုင်းအမျိုးသမီးနဲ့ ပတ်သက်လို့ထိုင်း ဒုရဲချုပ် Pananchai Chuenchaitham ဖနမ်ချိုင် ချင့်ချရာနမ် ကတော့အခုလိုပြောသွားပါတယ်။

" မေလ ၂၆ ရက် နေ့က ကယ်တင်နိုင်ခဲ့တဲ့ ထိုင်းနိုင်ငံသူကတော့ ထိုင်းရဲတပ်ဖွဲကို အွန်လိုင်းကနေ မက်ဆေ့စ်ပို့ တိုင်ကြားခဲ့တာပါ "

သူဟာ မြန်မာနိုင်ငံထဲက တိုင်းရင်းသား နယ်မြေတခုမှာ ရောင်းစားခံနေရတာကြောင့် ကယ်တင်ပေးဖို့ တောင်းဆိုလာတဲ့အတွက် သူ့ရဲ့အချက်လက်ကို အသေးစိတ်စစ်ဆေးပြီး ရဲချုပ်ဆူရချေ့ဟတ်ဖန်က တိုက်ရိုက်ညွန်ကြားပြီး သူ့ကိုကယ်တင်နိုင်ဖို့လုပ်ဆောင်ခဲ့တာပါ။ သူ လွတ်မြောက်ရေးအတွက် မြန်မာအာဏာပိုင်တွေနဲ့ အစွမ်းကုန်ညှိနှိုင်းဆောင်ရွက်ခဲ့ရပါတယ်လို့ပြောသွားပါတယ် ။

သူဟာ တာချီလိတ်ကတဆင့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း ‘ဝ’ အထူးအုပ်ချုပ်ခွင့်ရဒေသ ၂ သို့ ရောက်ရှိသွားပါတယ်။

ဗိုလ်ချုပ်ကြီး ဒမ်ရုန်ဆက်ကီတစ် ပရာဖာတ် တော်ဝင်ရဲ တပ်ဖွဲ့မှူး၊ ကလေးနှင့်အမျိုးသမီးများ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာအကြီးအကဲ ရဲမှူးချုပ် ဆူရာချေတ် ဟတ်ဖန်တို့က ဒီဖြစ်ရပ်ကိုအရေးကြီးကိစ္စအဖြစ်သတ်မှတ်ပြီး သူလွတ်မြောက်ရေးအတွက် အစွမ်းကုန်ကြိုးစားခဲ့ရတယ်လို့ဆိုပါတယ် ။မြန်မာအာဏာပိုင်တွေနဲ့ တရားဝင်ဆွေးနွေးပြီး အရေးပေါ် အကူအညီပေးနိုင်ဖို့အတွက် ထိုင်းအာဏာပိုင်တွေ မေလ ၂၂ရက်နေ့က မြန်မာနိုင်ငံကိုသွားရောက်ခဲ့တယ်လို့လည်း ပြောဆိုပါတယ် ။

ထိုင်းအမျိုးသမီးကို ချုပ်နှောင် ထားတဲ့ နေရာတခုဖြစ်တဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း ‘ဝ’ အထူးဒေသ ပန်ဆန်းမြို့ UWSA နယ်မြေဖြစ်တာကြောင့် လုံခြုံစွာကယ်ဆယ်နိုင်ရေးအတွက် အရေးပေါ် ဆောင်ရွက်ဖို့ မြန်မာ့အာဏာပိုင်များရဲ့ကြီးကြပ်ကွပ်ကဲမှုနဲ့ အတူ အန္တရာယ်ကင်းစွာဖြင့် ကယ်ထုတ်နိုင်ခဲ့တယ်လို့ထိုင်းဘက်က ပြောပါတယ်

၂၀၂၃ ခုနှစ် မေလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီလောက်မှာတော့ ထိုင်းအမျိုးသမီးကိုပြန်လွဲပြောင်းရေး အတွက် ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ အမှတ်(၂) ချစ်ကြည်ရေး တံတားကနေ ဒုရဲချုပ် ဖနန်ချိုင် ချုင့်ကျိုင်ထမ် ကလေးနဲ့ အမျိုးသမီးများ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ တာဝန်ရှိသူများ ချင်းရိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနတာဝန်ရှိသူ ချင်းရိုင်ခရိုင်ရဲတပ်ဖွဲ့ မယ်ဆိုင် မြို့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ထိုင်းအမျိုးသမီးကို မြန်မာ့အာဏာပိုင် ထံကတဆင့် လွှဲပြောင်းလက်ခံခဲ့ ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG