သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဒုသမ္မတ အရွေးခံမည့်သူ ၂ ဦး စကားစစ်ထိုး


သမ္မတရွေးကောက်ပွဲ စကားစစ်ထိုးပွဲမှာ အမေရိကန် ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ရီပတ်ဘလစ်ကင် ပါတီရဲ့ ဒုတိယ သမ္မတလောင်း ပေါလ်ရိုင်ယင်ကို တွေ့ရစဉ်
သမ္မတရွေးကောက်ပွဲ စကားစစ်ထိုးပွဲမှာ အမေရိကန် ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ရီပတ်ဘလစ်ကင် ပါတီရဲ့ ဒုတိယ သမ္မတလောင်း ပေါလ်ရိုင်ယင်ကို တွေ့ရစဉ်
အမေရိကန်ပြည်ထောင်စု ကင်တာကီပြည်နယ်မှာ ဒေသစံတော်ချိန် ကြာသာပတေးနေ့
ည ဦးပိုင်းမှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲ စကားစစ်ထိုးပွဲမှာ အမေရိကန် ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ရီပတ်ဘလစ်ကင် ပါတီရဲ့ ဒုတိယ သမ္မတလောင်း ပေါလ်ရိုင်ယင်တို့ဟာ နိုင်ငံခြားရေးနဲ့ စီးပွားရေးမူဝါတွေနဲ့ပတ်သက်ပြီး သဘောထားအမြင် ကွဲလွဲ ခဲ့ကြသလို တယောက်စကားကို တယောက်ကဖြတ်ပြောပြီး ငြင်းခုန်မှုတွေရှိခဲ့ပါတယ်။

မိနစ် ၉၀ ကြာ စကားစစ်ထိုးပွဲမှာ ဒုတိယ သမ္မတလောင်း ၂ ဦးစလုံးဟာ အရင်ကဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ ရှေ့ရေး အစီအစဉ်တွေနဲ့ ပတ်သက်ပြီး တက်တက်ကြွကြွ အခြေအတင် ပြောဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ် သမ္မတလောင်း စကားစစ်ထိုးပွဲမှာ သမ္မတအိုဘာမားဘက်က အားနည်းမှုတွေရှိခဲ့တာကို ပြန်ပြီးတော့ အဖတ်ဆယ်ဖို့အတွက် အိမ်ဖြူတော်ရဲ့ မူဝါဒရေးရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဒုတိယ သမ္မတလောင်း ဂျိုးဘိုင်ဒင် ဟာ ပြင်းပြင်းထန်ထန် ခုခံပြောဆိုသွားခဲ့ပါတယ်။

သမ္မတအိုဘားမားအစိုးရအနေနဲ့ တိုင်းပြည်ရဲ့ နှေးကွေးနေတဲ့ စီးပွားရေးကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်နေတာကို လက်ခံဖို့နဲ့ ပေါလ်ရိုင်ဟင်ကိုကော ရီပတ်ဘလစ်လင် ဥပဒေပြုလွှတ်တော်အမတ်တွေကိုပါ ဝင်မရှုပ်ဖို့ တိုက်တွန်း သွားပါတယ်။
မစ္စတာရိုင်ယင်ကလည်း ၄ နှစ်နီးပါး အုပ်ချုပ်ခဲ့တဲ့ သမ္မတအိုဘားမားနဲ့ ဒီမိုကရက် ကွန်ဂရက်လွှတ်တော်အမတ်တွေ အနေနဲ့ တိုင်းပြည်မှာ ဆင်းရဲနွမ်းပါးသူ ၁၅% ဖြစ်ခဲ့ရတဲ့ စီးပွားရေးကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး တာဝန်ခံရမှာ ဖြစ်တယ် ဆိုပြီး ချေပ ပြောဆိုခဲ့ပါတယ်။

ဒုတိယ သမ္မတလောင်း ၂ ဦးစလုံးဟာ ကျန်းမာရေး စောင့်လျှောက်မှုကိစ္စ လစ်ဗျားနိုင်ငံမှာ ရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု အီရန်နျူကလီးယားအရေးနဲ့ ဆီးရီးယားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ ပြဿနာ စတာတွေကို စကားစစ်ထိုးပွဲမှာ ဆွေးနွေးငြင်းခုန် ပြောဆိုသွားကြပါတယ်
XS
SM
MD
LG