သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ဖုံးမုန်တိုင်းမဝင်ခင် ဗီယက်နမ်နဲ့တရုတ် ပြင်ဆင်


မုန်တိုင်းကာကွယ်ပြီး ငါးဖမ်းလှေတွေကို ဘေးလွတ်အောင် ရွှေ့ပြောင်းထားတဲ့ ဗီယက်နမ်နိုင်ငံ၊ Danang မြို့ရဲ့ ဆိပ်ကမ်းမြင်ကွင်း။ (နိုဝင်ဘာ ၁၀၊ ၂၀၁၃)
မုန်တိုင်းကာကွယ်ပြီး ငါးဖမ်းလှေတွေကို ဘေးလွတ်အောင် ရွှေ့ပြောင်းထားတဲ့ ဗီယက်နမ်နိုင်ငံ၊ Danang မြို့ရဲ့ ဆိပ်ကမ်းမြင်ကွင်း။ (နိုဝင်ဘာ ၁၀၊ ၂၀၁၃)
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းနေရာအတော်များများကို ဖျက်ဆီးပစ်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်းဟာ ဗီယက်နာမ်နဲ့ တရုတ်နိုင်ငံ ကမ်းရိုးတန်းတွေကို မဝင်ရောက်ခင်မှာ သက်ဆိုင်ရာအာဏာပိုင်တွေက ကြိုတင်ပြင်ဆင်မှုတွေ အလျင်အမြန်ဆောင်ရွက်ခဲ့ကြပါတယ်။

Haiyan တိုင်ဖုန်းမုန်တိုင်းဟာ ဒေသစံချိန် တနင်းလာနေ့ အစောပိုင်းမှာ တရုတ်နဲ့ နယ်ချင်းစပ် ဗီယက်နမ်မြောက်ပိုင်း ကမ်းရိုးတန်းမှာ ကုန်တွင်းပိုင်း ဝင်ရောက်လာမယ်လို့ မိုးလေဝသ အေဂျင်စီတွေက ကြိုတင်တွက်ဆထားပါတယ်။

တနင်္ဂနွေနေ့ နှောင်းပိုင်းမှာတော့ မုန်တိုင်းဗဟိုအနီး လေတိုက်နှုန်းဟာ အများဆုံး တနာရီကို ၈၆ မိုင်ရှိတယ်လို့ အမေရိကန်ရေတပ်ရဲ့ တိုင်ဖုန်းမုန်တိုင်း သတိပေးချက်ဌာနက ထုတ်ပြန်ပါတယ်။ အနောက်မြောက်ပိုင်းက ရွေ့လျားသွားပြီး Tonkin ပင်လယ်ကွေ့ပေါ်မှာတော့ အားပျော့သွားမယ်လို့ ခန့်မှန်းရပါတယ်။အဲဒီအချိန် အားပျော့သွားရင် တိုင်ဖုန်းမုန်တိုင်းအဆင့်ကနေ အပူပိုင်းမုန်တိုင်းအဆင့်ကို လျော့ကျသွားဖွယ်လည်း ရှိပါတယ်။

ဗီယက်နမ်အာဏာပိုင်တွေကတော့ ကမ်းနားတလျှောက်က လူဦးရေ ၆ သိန်းကျော်ကို ဘေးလွတ်ရာအမိုးအကာအောက် ရွှေ့ထားလိုက်ပြီး ၃ ရက်စာ အစားနဲ့ရေတွေကို ပြင်ဆင်သိုလှောင်ထားကြဖို့ အများပြည်သူကို တိုက်တွန်းနေပါတယ်။ ဒါ့အပြင် ပင်လယ်ပြင်က လှေ သင်္ဘောတွေ ဆိပ်ကမ်းတွေကိုလည်း ပြန်လာကြဖို့လည်း အမိန့်ထုတ်ထားပါတယ်။

မုန်တိုင်းရိုက်ခတ်မှုကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးခဲ့ပြီလို့ ဗီယက်နမ် သတင်းတွေမှာ ကြေညာပါတယ်။ မုန်တိုင်းကြောင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာ ရှိတဲ့ မြို့တော် ဟနွိုင်းမှာ မိုးကြီးမယ်လို့ ခန့်မှန်းရပါတယ်။ ဒါကြောင့် တနင်္လာနေ့မှာတော့ ဒေသတွင်းက ကျောင်းအားလုံးကို ပိတ်ထားပါတယ်။

တရုတ်နိုင်ငံမှာတော့ haiyan တိုင်ဖုန်းမုန်တိုင်းအန္တရာယ်ကို အရောင်သတ်မှတ်မှု အဆင့်လေးဆင့်ကနေ အဆိုးဆုံး အနီရောင်အဆင့်အဖြစ် အစိုးရက သတ်မှတ် သတိပေးထားတယ်လို့ တရုတ်အစိုးရသတင်းမှာ ကြေညာပါတယ်။

တိုင်ဖုန်းမုန်တိုင်းကြောင့် တရုတ်နိုင်ငံရဲ့ တောင်ပိုင်း ဟိုင်နန်ကျွန်းမှာ တနင်္ဂနွေနေ့က မိုးသည်းထန်ခဲ့ပါတယ်။ အခုတနင်္လာနေ့မှာလည်း အလားတူ Guangdong ပြည်နယ်အတွင်းမှာ မိုးကြီးမယ်လို့ ခန့်မှန်းထားပါတယ်။

တရုတ်အာဏာပိုင်တွေကတော့ Hainan မှာရှိတဲ့ ဒေသခံ တသိန်းသုံးသောင်း သုံးထောင်ကို ဘေးလွတ်ရာအမိုးအကာအောက် ရွှေ့ပေးခဲ့ပါတယ်။ မုန်တိုင်းကြောင့် အဲဒီမှာတော့ လျှပ်စစ်မီးတွေ ပြတ်တောက်ကုန်ပြီး လေယာဉ်ခရီးစဉ်တွေကိုလည်း ရပ်ဆိုင်းထားရပါတယ်။
XS
SM
MD
LG