သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြ


တရုတ်ဆန့်ကျင်ရေး ဟနွိုင်းမြို့မှာ ဆန္ဒပြနေကြတဲ့ ဗီယက်နမ် ပြည်သူတချို့။
တရုတ်ဆန့်ကျင်ရေး ဟနွိုင်းမြို့မှာ ဆန္ဒပြနေကြတဲ့ ဗီယက်နမ် ပြည်သူတချို့။
ဗီယက်နမ်နိုင်ငံရဲ့ မြို့ကြီး ၂ မြို့မှာ ဒီနေ့ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြလို့ ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူ ၂၂ ယောက်ကို ဖမ်းဆီးလိုက်ပါတယ်။

ဟနွိုင်းမြို့တော်မှာ လူ ၂၀၀ နီးပါး နာရီဝက်ကြာ ဆန္ဒပြခွင့် ရကြပြီးနောက် ရဲတပ်ဖွဲ့က လူစုခွဲ ခိုင်းခဲ့တာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေထဲက ၂၂ ယောက်ကို ဖမ်းလိုက်ပြီး ဘတ်စ်ကားတစီးနဲ့ ခေါ်ဆောင် သွားပါတယ်။ တောင်ပိုင်းက စီးပွားရေး အချက်အခြာကျတဲ့ ဟိုချီမင်းမြို့ မှာလည်း အလားတူ ဆန္ဒပြခဲ့ရာမှာ အာဏာပိုင်တွေက လူစုခွဲခဲ့ပါတယ်။

တောင်တရုတ်ပင်လယ် အငြင်းပွားနေတဲ့နေရာမှာ ဗီယက်နမ်နိုင်ငံက ကိုယ့်သဘောနဲ့ကိုယ် သဘာဝဓာတ်ငွေ့နဲ့ ရေနံရှာဖွေ နေတာတွေကို ရပ်တန်းကရပ်ဖို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြာသပတေးနေ့က သတိပေးခဲ့တာကြောင့် အခုလို တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာပါ။ ဗီယက်နမ်နိုင်ငံပိုင် သဘာဝဓာတ်ငွေ့နဲ့ ရေနံရှာဖွေရေး ကုမ္မဏီရဲ့ သင်္ဘောတစီးရဲ့ ကေဘယ်လ် ကြိုးတချောင်းကို တရုတ်သင်္ဘောတစီးက ဖြတ်တောက်ပစ်လိုက်တယ်လို့ စွပ်စွဲနေပါတယ်။

ဒါဟာ ဗီယက်နမ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို အကြီးအကျယ် ထိပါးတာဖြစ်တယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး ဌာနက အပြစ်တင်နေပါတယ်။

တောင်တရုတ်ပင်လယ်တွင်း ၁.၃ စတုရန်းမိုင်ရှိတဲ့ နေရာအကျယ်အဝန်းကို တရုတ်နိုင်ငံက ပိုင်တယ်ဆိုပြီး ဖိအားပေး ကာကွယ်နေတာ ဖြစ်ပါတယ်။
XS
SM
MD
LG