သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ် ရေလွှမ်းမိုးမှု အနည်းဆုံး လူ ၁၆ ယောက် သေဆုံး


ဗီယက်နမ် ရေလွှမ်းမိုးမှု အနည်းဆုံး လူ ၁၆ ယောက် သေဆုံး
ဗီယက်နမ် ရေလွှမ်းမိုးမှု အနည်းဆုံး လူ ၁၆ ယောက် သေဆုံး

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းမှာ ၄ ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၆ ယောက် သေဆုံးပြီး ကောက်ပဲသီးနှံနဲ့ လယ်ဧကပေါင်း ၂၅,၀၀၀ လောက် နစ်မြုပ်ကုန်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ကစပြီး ရွာသွန်းတဲ့ မိုးကြောင့် လူ ၄ ယောက်ထက် မနည်းဟာလည်း ပျောက်ဆုံးနေပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ရေလွှမ်းမိုးမှုနဲ့ မုန်တိုင်းဒဏ် ကာကွယ်ရေး ကော်မတီက တနင်္ဂနွေနေ့က ပြောဆိုခဲ့တာပါ။

အိမ် ရာပေါင်းများစွာဟာလည်း ပျက်စီးခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲက ၁၂ ယောက်ဟာဆိုရင် လယ်ကွင်းတွေထဲမှာ အလုပ်လုပ်နေစဉ် မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တာလို့ ပြင်သစ်သတင်း အေဂျင်စီက ဖော်ပြပါတယ်။

ဗီယက်နမ်နိုင်ငံမှာ အောက်တိုဘာလအထိ ကျရောက်တဲ့ မိုးရာသီအတွင်း စိုက်ပျိုးရေး လုပ်ငန်းမှာ ထိခိုက်မှုတွေ၊ လူ ရာနဲ့ချီ သေဆုံးမှုတွေ နှစ်စဉ် ကြုံရလေ့ ရှိပါတယ်။

XS
SM
MD
LG