သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗီယက္နမ္ႏိုင္ငံ ၿမိဳ႕ေတာ္ဟိုခ်ီမင္းမွာ ကပ္ေဘးကန႔္သတ္မႈခ်မွတ္


အသြားအလာပိတ္ထားတဲ့ေနရာမွာေနသူတဦးကို အစားအေသာက္ေပးပို႔စဥ္။

Zawgyi/Unicode

ဗီယက္နမ္ႏိုင္ငံမွာ ကိုဗစ္-၁၉ ကူးစက္ျဖစ္ပြါးမႈ တုိးမ်ားလာေနတဲ့အတြက္ တနလၤာေန႔ ကစလို႔ လူ ၁၀ သန္းရွိတဲ့ ဟိုခ်ီမင္း ၿမိဳ႕ကို တနလၤာေန႔ကစၿပီး သီတင္း ၂ ပတ္ၾကာ အိမ္ မွာပဲေနၾကဖို႔ ေၾကညာလုိက္ပါတယ္။ တင္းက်ပ္တဲ့ စည္းကမ္းေတြ ထပ္တိုး ခ်မွတ္ၿပီး အသြားအလာကန္႔သတ္လိုက္တဲ့ ဟိုခ်ီမင္းၿမိဳ႕အတြက္ လိုအပ္တဲ့ အစား အေသာက္ ေပးပို႔တာနဲ႔ အိမ္မႈကိစၥေတြ ကူအညီေတြေဆာင္ရြက္ဖို႔ စစ္တပ္ေစ လႊတ္ေန ၿပီလို႔ အစိုးရက ေျပာပါတယ္။

“ကပ္ေရာဂါက ဟိုခ်ီမင္းၿမိဳ႕မွာ ပိုျပင္းထန္ေနပါတယ္။ ကိုဗစ္-၁၉ေရာဂါျဖစ္သူေတြ အိမ္မွာပဲ ကုသမႈခံယူၾက ရပါမယ္။ က်ေနာ္တို႔ရဲ႕ ေဆးဝန္ထမ္းအဖြဲ႔ေတြ လူနာရွိရာကို အိမ္တုိင္ယာေရာက္ လာၿပီးကုသေပးႏုိင္ေအာင္ ဖြဲ႔စည္းေနပါၿပီ။ ဒီကပ္ေရာဂါကို တုိက္ဖ်က္ဖို႔ ဟိုခ်ီမင္းၿမိဳ႕နဲ႔ ေတာင္ပိုင္းျပည္နယ္ကတပ္ဖြဲ႔ေတြနဲ႔ ပူးေပါင္း ေဆာင္ရြက္ သြားပါမယ္။” လို႔ စစ္ဘက္ဆုိင္ရာ ေဆးတကၠသိုလ္ဒါ႐ိုက္တာ ဗိုလ္ခ်ဳပ္ ဒို ကူးယက္တ္ က ေျပာခဲ့တာပါ။

ဗီယက္နမ္မွာ ကူးစက္မႈႏႈန္းမရွိသေလာက္ကေန ေသာၾကာေန႔မွာ ကူးစက္မႈအသစ္ ၁ ေသာင္းနဲ႔ ေသဆံုးသူ ၃၉ ၀ ရွိလာခဲ့တာေၾကာင့္ အခုလို ေဆာင္ရြက္တာျဖစ္ပါတယ္။ အဲဒီကူးစက္မႈ ၁ ေသာင္းမွာ ဟိုခ်ီမင္းမင္းမွာ ကူးစက္ခဲ့တာက ၃၅၀၀ ရွိေနခဲ့တာပါ။

ဟိုခ်ီမင္းၿမိဳ႕မွာ ၿပီးခဲ့တဲ့ ဇြန္လကတည္းက လူအမ်ားသြားလာတဲ့ေနရာေတြမွာ လူ ၂ ေယာက္ထက္ ပိုမစုရဆိုတဲ့ တားျမစ္ခ်က္နဲ႔ အစားအစာအတြက္၊အလုပ္သြားဖို႔နဲ႔ ခြင့္ျပဳထားတဲ့ စီးပြါးေရးလုပ္ငန္းေတြအတြက္ကလြဲရင္ အိမ္ထဲက အိမ္ျပင္မထြက္ၾကဖို႔ အပါအဝင္ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္တဲ့ စည္းးကမ္းေတြတင္းတင္းက်ပ္က်ပ္ ခ်မွတ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


=======

Unicode

ဗီယက်နမ်နိုင်ငံ မြို့တော်ဟိုချီမင်းမှာ ကပ်ဘေးကန့်သတ်မှုချမှတ်

ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွါးမှု တိုးများလာနေတဲ့အတွက် တနင်္လာနေ့ ကစလို့ လူ ၁၀ သန်းရှိတဲ့ ဟိုချီမင်း မြို့ကို တနင်္လာနေ့ကစပြီး သီတင်း ၂ ပတ်ကြာ အိမ် မှာပဲနေကြဖို့ ကြေညာလိုက်ပါတယ်။ တင်းကျပ်တဲ့ စည်းကမ်းတွေ ထပ်တိုး ချမှတ်ပြီး အသွားအလာကန့်သတ်လိုက်တဲ့ ဟိုချီမင်းမြို့အတွက် လိုအပ်တဲ့ အစား အသောက် ပေးပို့တာနဲ့ အိမ်မှုကိစ္စတွေ ကူအညီတွေဆောင်ရွက်ဖို့ စစ်တပ်စေ လွှတ်နေ ပြီလို့ အစိုးရက ပြောပါတယ်။

“ကပ်ရောဂါက ဟိုချီမင်းမြို့မှာ ပိုပြင်းထန်နေပါတယ်။ ကိုဗစ်-၁၉ရောဂါဖြစ်သူတွေ အိမ်မှာပဲ ကုသမှုခံယူကြ ရပါမယ်။ ကျနော်တို့ရဲ့ ဆေးဝန်ထမ်းအဖွဲ့တွေ လူနာရှိရာကို အိမ်တိုင်ယာရောက် လာပြီးကုသပေးနိုင်အောင် ဖွဲ့စည်းနေပါပြီ။ ဒီကပ်ရောဂါကို တိုက်ဖျက်ဖို့ ဟိုချီမင်းမြို့နဲ့ တောင်ပိုင်းပြည်နယ်ကတပ်ဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက် သွားပါမယ်။” လို့ စစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ဒါရိုက်တာ ဗိုလ်ချုပ် ဒို ကူးယက်တ် က ပြောခဲ့တာပါ။

ဗီယက်နမ်မှာ ကူးစက်မှုနှုန်းမရှိသလောက်ကနေ သောကြာနေ့မှာ ကူးစက်မှုအသစ် ၁ သောင်းနဲ့ သေဆုံးသူ ၃၉ ၀ ရှိလာခဲ့တာကြောင့် အခုလို ဆောင်ရွက်တာဖြစ်ပါတယ်။ အဲဒီကူးစက်မှု ၁ သောင်းမှာ ဟိုချီမင်းမင်းမှာ ကူးစက်ခဲ့တာက ၃၅၀၀ ရှိနေခဲ့တာပါ။

ဟိုချီမင်းမြို့မှာ ပြီးခဲ့တဲ့ ဇွန်လကတည်းက လူအများသွားလာတဲ့နေရာတွေမှာ လူ ၂ ယောက်ထက် ပိုမစုရဆိုတဲ့ တားမြစ်ချက်နဲ့ အစားအစာအတွက်၊အလုပ်သွားဖို့နဲ့ ခွင့်ပြုထားတဲ့ စီးပွါးရေးလုပ်ငန်းတွေအတွက်ကလွဲရင် အိမ်ထဲက အိမ်ပြင်မထွက်ကြဖို့ အပါအဝင် ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ စည်းးကမ်းတွေတင်းတင်းကျပ်ကျပ် ချမှတ်ခဲ့ပါတယ်။

#Covid19 #VietnamCovid #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG