သုံးရလွယ်ကူစေသည့် Link များ

Innovation လို့ခေါ်တဲ့ တီထွင်ကြံဆမှုဆိုတဲ့ ဝေါဟာရဟာ ဖွံ့ဖြိုးဆဲနိုင်ငံတခုဖြစ်တဲ့ ဗီယက်နမ်လို နိုင်ငံမျိုးမှာ ရေပန်းစားလှတဲ့ စကားလုံးဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်တွေကလည်း အမြတ်အစွန်း ပိုရနိုင်အောင် ခေတ်ပေါ် စီးပွားရေးနည်းပညာကို လေ့လာ သင်ယူနေကြပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ တီထွင်ကြံဆမှုအပေါ် ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာကို သိနိုင်ဖို့ ဗီယက်နမ် စီးပွားရေး ပညာရှင်တွေက စစ်တမ်းကောက်ယူတဲ့ စံနစ်ကို တီထွင်လိုက်ပြီး အဲဒီ လုပ်ငန်းရှင်တွေကို ကူညီ ပံ့ပိုးပေးနေပါတယ်။ ဗီယက်နမ်နိုင်ငံတောင်ပိုင်း Ben Tre ခရိုင်အတွင်းက မိသားစုပိုင် Phu Le စက်ရုံကနေ ရာနဲ့ချီတဲ့ ဆန်အရက်တွေကို ထုတ်လုပ်ပါတယ်။ ကုမ္ပဏီရဲ့ နံမည်ကိုလည်း အရက်ချက်ဖို့ ကစော်ဖောက်ပေးတဲ့ သူတွေနေတဲ့ ကျေးရွာရဲ့ နံမည်ပေးထားတာ ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Marianne Brown သတင်းပေးပို့ထားတာကို အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍအဖြစ် ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

XS
SM
MD
LG