သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှုကွန်ယက်မှာ သတင်းဖော်ခြင်း မပြုဖို့ ဗီယက်နမ် ပိတ်ပင်


ဗီယက်နမ်နိုင်ငံမှာ လူမှုကွန်ယက် သတင်းမီဒီယာ သမားတွေနဲ့ ဘလော့ဂါတွေ၊ အင်တာနက်မှာ သတင်းတင်ပြတာကို တားဆီးမယ့် ကန့်သတ်ချက်ကို အင်တာနက်နဲ့ လူ့ အခွင့်အရေး လှုပ်ရှားတက်ကြွသူတွေက ရှုတ်ချလိုက်ကြပါတယ်။

blog နဲ့လူမှုကွန်ယက်တွေအနေနဲ့ ပုဂ္ဂိုလ်ရေးသတင်းအချက်အလက်တွေကိုပဲ ဖလှယ်သင့်ကြောင်း အမိန့် ဒီဂရီ အမှတ် ၇၂ နဲ့ ကြေညာလိုက်တာဖြစ်ပါတယ်။ အဲဒီကြေညာချက်အရ လူမှုကွန်ယက်သုံးစွဲသူတွေအနေနဲ့ အစိုးရ အင်တာနက် ဝက်ဘ်ဆိုဒ်တွေနဲ့ သတင်း အဖွဲ့အစည်းတွေက သတင်းအချက်အလက်တွေကို အကျဉ်းချုံး တာဖြစ်စေ ကိုးကားဖော်ပြတာဖြစ်စေ၊ လုပ်ခွင့် မပြုသင့်ကြောင်းဖော် ပြလိုက်ပါတယ်။

အင်တာနက်ပေါ်မှာ မှန်ကန် ရှင်းလင်းတဲ့ သတင်း အချက်အလက်တွေကို ရှာဖွေ အသုံးပြုနိုင်ဖို့အတွက် ဒီအမိန့်က ကူညီပေးနိုင်ပြီး ဥပဒေကို ပြင်ဆင်နိုင်ဖို့ အတွက်လည်း ကြိုစားတာလည်းဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ဒါပေမယ့် ဒါဟာ အစိုးရတရပ်လုပ်ရမယ့် ကိစ္စမဟုတ်ဘူးလို့ blogger တချို့က ပြောဆိုပါတယ်။ ဒီ အမိန့် ဒီဂရီဟာ ကျယ်ပြန့်လွန်းပြီး Vietnam ကွန်မြူနစ် အစိုးရ အပေါ် ဝေဖန်သူတွေကို အရေးယူနိုင်ဖို့ ထုတ်ပြန်တာဖြစ်တယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။
XS
SM
MD
LG