သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ် မီဒီယာ တင်းကျပ်မှုဥပဒေ အမေရိကန်ဝေဖန်


သတင်းတွေကို အင်တာနက်ကနေတဆင့် ဖြန့်ဝေတာတွေဟာ တရားမဝင်ဘူးဆိုပြီး တားမြစ်ထားတဲ့ ဥပဒေကို ဗီယက်နမ်က ထုတ်ပြန်လိုက်တဲ့အပေါ် အမေရိကန်က ပြစ်တင် ဝေဖန်လိုက်ပါတယ်။ စက်တင်ဘာလမှာ စတင်သက်ရောက်မယ့် အမိန့်အမှတ် ၇၂ မှာ ဘလော့ခ်နဲ့ အွန်လိုင်း လူမှုကွန်ယက် မီဒီယာတွေမှာ ကိုယ်ပိုင် အချက်အလက်တွေပဲ ထားရမှာဖြစ်ပြီး လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မျှဝေတာတွေ ဖြန့်ဝေတာတွေကို တားမြစ်ထားပါတယ်။

ဒီလို သတင်းအချက်အလက် ဖလှယ်တာတွေကို တားမြစ်တဲ့အပေါ် ဝါရှင်တန်အနေနဲ့ အလေးအနက် စိုးရိမ်ပူပန်မိတဲ့အကြောင်း ဟနွိုင်းမှာရှိတဲ့ အမေရိကန်သံရုံးက ပြောဆိုပါတယ်။ အခြေခံ လွတ်လပ်မှုဆိုတာဟာ အင်တာနက်ပေါ်မှာပဲဖြစ်ဖြစ် အပြင်လောကမှာပဲဖြစ်ဖြစ် အတူတူပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ လူ့အခွင့်အရေးအဖွဲ့နဲ့ လှုပ်ရှားသူတွေကတော့ ဒီအမိန့်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပြီး ဒါဟာ ဗီယက်နမ် ကွန်မြူနစ်အစိုးရကို ဆန့်ကျင်တဲ့လုပ်ရပ်တွေကို တားဆီးတဲ့နေရာမှာ လိုသလို သုံးသွားဖို့ ဖြစ်လိမ့်မယ်ဆိုပြီးတော့ ပြောပါတယ်။

နိုင်ငံတော်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို တားဆီးတဲ့ ဥပဒေနဲ့ စွဲချက်တင်ထားတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ၄၆ ယောက်ရှိပြီး၊ ဒီလူတွေအားလုံးဟာ ဘလော့ခ်ဂါတွေ ဖြစ်ကြပါတယ်။ အခု ထုတ်ပြန်ခဲ့တဲ့ ဥပဒေသစ်ဟာ အခုလို ပိုပြီး နှိမ်နင်းနိုင်ဖို့အတွက် ဆောင်ရွက်တာဆိုပြီးတော့ လည်း အမြင်မျိုး ရှိနေတာဖြစ်ပါတယ်။
XS
SM
MD
LG