သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ရထားလမ်းကုမ္ပဏီ ဗီယက်နမ်ဝန်ကြီး ပြစ်တင်


ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်က ရထားလမ်းဖောက်လုပ်ရေး စီမံကိန်း။
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်က ရထားလမ်းဖောက်လုပ်ရေး စီမံကိန်း။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်က အဓိကကျတဲ့ ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းတခုမှာ မတော်တဆမှုတွေ ဖြစ်ပြီးတဲ့နောက် တရုတ် ရထားလမ်းဖောက်လုပ်ရေး ကုမ္ပဏီတခုကို စီမံခန့်ခွဲမှုအပေါ် ဗီယက်နမ် သယ်ယူပို့ဆောင်ရေးဝန်ကြီးက လူသိရှင်ကြား ဝေဖန်လိုက်ပါတယ်။

China Railway Sixth Group နဲ့ အစည်းအဝေးတခုအတွင်း ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တွေကို ဝန်ကြီး Dinh La Thang က အော်ဟစ် လက်ညှိုးထိုးပြီး ပြောဆိုနေတာ ဗုဒ္ဓဟူးနေ့က တနိုင်ငံလုံးကိုထုတ်လွှင့်တဲ့ ရုပ်မြင်သံကြားသတင်းမှာ တွေ့ရပါတယ်။

မတော်တဆမှုဖြစ်တိုင်း တာဝန်ယူပေမယ့် အခြေအနေက မပြောင်းလဲကြောင်း၊ ဒီတကြိမ်မှာလည်း တရုတ်အစိုးရဆီကနေ ဗီယက်နမ်က ငွေချေးယူထားတာကို အကြောင်းပြချက်တခုအဖြစ် ပေးနေကြောင်း၊ ကုမ္ပဏီကို အစားထိုးပြောင်းလဲဖို့ ဗီယက်နမ် အစိုးရကို မိမိတင်ပြနိုင်ကြောင်း၊ တရုတ်ချေးငွေနဲ့ ဗီယက်နမ်နိုင်ငံသားတွေရဲ့ အသက်ကို အလဲအလှယ်မလုပ်နိုင်ကြောင်း ဗီယက် နမ် သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။

ဆောက်လုပ်ရေးက ငြမ်းတခု ပြိုကျပြီး တက္ကဆီကားမောင်းသူနဲ့ ခရီးသည်တွေ အသက်သေနိုင်တဲ့အထိ ကြုံခဲ့ရအပြီး ရက် အတော်အကြာ၊ ကရိန်း မတော်တဆဖြစ်ရပ်ကြောင့် လူတဦးသေဆုံးရအပြီး တလအကြာမှာ ဝန်ကြီးရဲ့ ပြင်းထန်တဲ့ ပြောဆိုချက် တွေ ထွက်လာတာပါ။

ကုမ္ပဏီရဲ့ အကြံပေးတွေနဲ့ လက်ခွဲ ကန်ထရိုက်တွေ ကို ဖြုတ်ပစ်ပြီး ပြည်တွင်း အလုပ်သမားတွေနဲ့ အစားထိုးဖို့ ဝန်ကြီး Thang က တရုတ်ကုမ္ပဏီကို တိုက်တွန်းပါတယ်။ ကုမ္ပဏီအနေနဲ့ ဝန်ကြီးရဲ့ညွှန်ကြားချက်တွေကို လိုက်နာပြီး ဖြစ်ခဲ့တာအတွက် ကုမ္ပဏီဝန်ထမ်းတွေ တာဝန်ခံမှုရှိစေရမယ်လို့ ကုမ္ပဏီကိုယ်စားလှယ်တွေက ပြောပါတယ်။

XS
SM
MD
LG