သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်ကို FATF စောင့်ကြည့် Grey list စာရင်းထဲ ထည့်သွင်း


A flag with the logo of the Financial Action Task Force (FAFT)
A flag with the logo of the Financial Action Task Force (FAFT)

နိုင်ငံတကာ ဘဏ္ဍာရေးဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တဲ့နိုင်ငံတွေကို စောင့်ကြည့်ဖော်ထုတ်တဲ့ FATF အဖွဲ့က ဗီယက်နမ်နိုင်ငံကို စောင့်ကြည့်စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။ အနီးကပ် တိုးမြှင့်စောင့်ကြည့်ရမယ့် Grey list စာရင်းထဲကို ဗီယက်နမ်နိုင်ငံအပြင် Cameroon နဲ့ Croatia နိုင်ငံတွေကို Grey list စာရင်းထဲ သောကြာနေ့က ထည့်သွင်းလိုက်တာဖြစ်ပါတယ်။

ငွေမည်း-ငွေဖြူ ခဝါချတာအပါအဝင် ငွေကြေးမသာမာမှုတွေကို အနီးကပ်စောင့်ကြည့်မယ့် Gray list စာရင်းထဲမှာ နိုင်ငံပေါင်း ၂ ဒါဇင်ကျော် ရှိပါတယ်။ မြန်မာ၊ အီရန်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေကတော့ အရေးယူဆောင်ရွက်ရမယ့် Black list အမည်းရောင် စာရင်းထဲမှာ ထည့်သွင်းခံထားရတာပါ။ ငွေမည်းခဝါချမှုတွေ၊ အကြမ်းဖက်အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့မှုတွေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်တဲ့ လက်နက်တွေ ပြန့်ပွားစေအောင် ဘဏ္ဍာရေးပိုင်း ပံ့ပိုးမှုတွေလုပ်တာကို ထိထိရောက်ရောက် အရေးယူ ကိုင်တွယ်ဆောင်ရွက်ခြင်း မရှိသေးတဲ့အတွက် ဗီယက်နမ်နိုင်ငံကို Grey list စာရင်းထဲမှာ ထည့်ထားတာဖြစ်တယ်လို့ FATF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Nuclear လက်နက်တွေ ထုတ်လုပ်နေတဲ့ မြောက်ကိုရီးယားနိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေတဲ့ နိုင်ငံအနည်းငယ်ထဲမှာ ဗီယက်နမ် ပါဝင်ပါတယ်။ ငွေမည်းခဝါချမှု တိုက်ဖျက်ရေးနဲ့ အကြမ်းဖက်အဖွဲ့တွေကို ငွေကြေးပံ့ပိုးမှု မလုပ်နိုင်အောင် တားမြစ်တဲ့ ဥပဒေသစ်ကို ဗီယက်နမ်အစိုးရက မတ်လမှာ ပြဌာန်းခဲ့ပေမဲ့ လုံလောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ လိုအပ်နေသေးတယ်လို့ ပြင်သစ်အခြေစိုက် FATF အဖွဲ့က ဆုံးဖြတ်ခဲ့တာပါ။

ဖျက်အားပြင်းလက်နက်တွေ မပြန့်ပွားအောင် ဘဏ္ဍာရေးဆိုင်ရာ ဥပဒေတွေနဲ့ တားမြစ်နိုင်ဖို့ ဗီယက်နမ်က သဓိဌာန်ချ လုပ်ကိုင်နေတယ်ဆိုတာကိုတော့ FATF က အသိအမှတ်ပြုထားပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ နိုင်ငံတကာအစိုးရ တာဝန်ရှိသူတွေ ပါဝင်တဲ့ FATF အဖွဲ့ဟာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဘဏ္ဍာငွေကြေးဆိုင်ရာ တရားမဝင်လုပ်မှုတွေကို တားဆီးနိုင်ဖို့ စောင့်ကြည့်ဆောင်ရွက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

XS
SM
MD
LG