သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်လက်ကျန်ဗုံးတွေကြောင့် ဗီယက်နမ်မှာ လူ ၄ သောင်းကျော်သေ


စစ်လက်ကျန်ဗုံးတွေကြောင့် ဗီယက်နမ်မှာ လူ ၄ သောင်းကျော်သေ
စစ်လက်ကျန်ဗုံးတွေကြောင့် ဗီယက်နမ်မှာ လူ ၄ သောင်းကျော်သေ

ဗီယက်နမ်နိုင်ငံမှာ ၁၉၇၅ ခုနှစ် စစ်ကြီးပြီးဆုံးခဲ့ချိန်ကတည်းက စစ်အတွင်းက ဗုံးတွေ၊ မိုင်းတွေနဲ့ တခြား ပေါက်ကွဲစေတဲ့ ပစ္စည်းတွေကြောင့် လူပေါင်း ၄၂,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ၆၂,၀၀၀ ကျော် ဒဏ်ရာတွေ ရခဲ့ရတယ်လို့ ဗီယက်နမ်ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။ ဟနွိုင်းမြို့မှာကျင်းပတဲ့ နိုင်ငံတကာ မိုင်း အရေးယူဆောင်ရွက်မှု ညီလာခံမှာ ဝန်ကြီးချုပ် ငုယင်တန်တောင်း က အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

မပေါက်ကွဲသေးဘဲကျန်ခဲ့တဲ့ ပေါက်ကွဲစေတဲ့အရာတွေကို ဖော်ထုတ်ရှင်းလင်းဖို့အတွက် ဗီယက်နမ်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၅၀၀ တောင်းဆိုထားပါတယ်။

ဗီယက်နမ်နဲ့ စစ်ဖြစ်ပွားချိန်အတွင်း အမေရိကန်ပြည်ထောင်စုက ဗုံးနဲ့လက်နက် တန်ချိန် ၁၆ သန်းတိတိကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက ဗီယက်နမ်နိုင်ငံကို ဒေါ်လာ ၆၂ သန်း အကူအညီ ပေးမယ်လို့ ညီလာခံတွင်းမှာ အမေရိကန်သံအမတ်ကြီး David Shear က ပြောလိုက်ပါတယ်။ ဗီယက်နမ်အနေနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်တွေကို ရှင်းလင်းဖို့အတွက် ဆယ်စုနှစ်အတော်ကြာ အချိန်ယူရလိမ့်မယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG