သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်မှာ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲ ပိတ်ပင်ခံရ


ဗီယက်နမ်မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ မြင်ကွင်းတချို့။
ဗီယက်နမ်မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ မြင်ကွင်းတချို့။
ဗီယက်နမ်နိုင်ငံ ဟနွိုင်း (Hanoi) မြို့တော်မှာ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲတခု ဒီကနေ့ တနင်္ဂနွေနေ့မှာ ဖြစ်ပွားခဲ့တာကို ရဲတွေက အမြန်ဆုံး လူစုခွဲခဲ့ပါတယ်။

သူပိုင် ကိုယ်ပိုင်အငြင်းပွားနေကြတဲ့ ရေပိုင်နက်ထဲမှာ ဗီယက်နမ် ငါးဖမ်းလှေကို တရုတ် ရေတပ်ရေယာဉ်တွေက အတင်းဝင်တိုက်ခဲ့တဲ့ဖြစ်ရပ်ကို မကျေနပ်ကြတဲ့အတွက် မြို့လယ်မှာ လူ ၁၀၀ ကျော် စုဝေးဆန္ဒပြခဲ့ကြ တာဖြစ်ပါတယ်။

ယူနီဖောင်းဝတ်ရဲတွေ၊ အရပ်ဝတ်ရဲတွေက လမ်းတွေကို ပိတ်ပြီး ဆန္ဒပြခေါင်းဆောင်တွေ၊ အထူးသဖြင့် အော်ဟစ်ဆန္ဒပြသူတွေကို ဘက်စ်ကားတွေပေါ်ကို အတင်းတင်ဆောင် ဖမ်းဆီးသွားခဲ့ပါတယ်။

တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကနေ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုအသွင်
ပြောင်းသွားမှာကို ကွန်မြူနစ်ပါတီက စိုးရိမ်နေတယ်လို့
သုံးသပ်သူတွေက ပြောပါတယ်။
XS
SM
MD
LG