သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ် သူဌေးတွေ အရှေ့တောင် အာရှမှာ ဒုတိယ အချမ်းသာဆုံး


ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့။
ဗီယက်နိုင်ငံမှာ အလွန်တရာ ချမ်းသာတဲ့သူတွေ များလာတဲ့အကြောင်း အသေးစိတ်ဖော်ပြထားတဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး ဒီအပတ်ထဲမှာ ဗီယက်နမ် နိုင်ငံမှာ ကျင်းပတဲ့ စီးပွားရေး ညီလာခံ အတွင်း ပြင်းပြင်း ထန်ထန် ဝေဖန်လိုက်ပါတယ်။ အခုလ အစောပိုင်းက စင်ကာပူနိုင်ငံ အခြေစိုက် ပုဂ္ဂလိက ချမ်းသာကြွယ်ဝမှု စုံစမ်းရေး အဖွဲ့ တခုဖြစ်တဲ့ Wealth X နဲ့ ဆွစ်ဇာလန်ဘဏ် UBS တို့ အခုလအစောပိုင်းကထုတ်ပြန်တဲ့ ဒီအစီရင်ခံ မှာ ဗီယက်နမ်နိုင်ငံရဲ့ အလွန်တရာ ချမ်းသာမှုဟာ ၂၀၁၂ခုနှစ်တွင်းမှာ ပိုင်ဆိုင်မှု ၁၂ဘီလီယံ အထိ မြင့်တက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တချိန်ထဲမှာပဲ ဗီယက်နမ် နိုင်ငံဟာ ၅နှစ်တာ စီးပွားရေး ရည်မှန်းချက်တွေ ဆုံးရှုံးမှာကို စီးပွားရေးပညာရှင်တွေက သတိထားနေကြပါတယ်။
ဟနွိင်းမြို့မှာ ဒီသီတင်းပတ်ထဲ ကျင်းပတဲ့ ဒီညီလာခံ မှာ ကျွမ်းကျင်သူတွေနဲ့ အစိုးရအရာရှိတွေ တက်ရောက်ကြပြီး တိုင်းပြည်ရဲ့ ဘဏ္ဍာငွေကြေးကြွယ်ဝမှုနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့ကြပါတယ်။

တချို့တွေကလည်း ဗီယက်နမ်နိုင်ငံဟာ စီးပွားရေးရှေ့တန်းရောက်တဲ့နေရာမှာ အရှေ့တောင် အာရှနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် အများကြီးနောက်မှာ ကျန်နေခဲ့တယ်လို့ ပြောကြပါတယ်။

အခုအသစ်ထွက်တဲ့ အစီရင်ခံစာမှာ ဗီယက်နမ်ရဲ့ လူချမ်းသာတွေဟာ အနည်းဆုံး ဒေါ်လာ သန်း၃၀ ပိုင်ဆိုင်တဲ့ သူတွေဟာ ပိုပြီး ချမ်းသာလာပြီး အရှေ့တောင်အာရှနိုင်ငံတွေမှာ ထိုင်နိုင်ငံပြီးရင် ဒုတိယနေရာမှာ ရှိနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံကတော့ တတိယနေရာမှာပါ။ ဗီယက်နမ်နိုင်ငံမှာ ဆင်းရဲ ချမ်းသာ ကွာဟမှု က အရမ်းကို ကြီးမားနေတယ်လို့ ယခင် အစိုးရအကြံပေး တဦးဖြစ်ခဲ့တဲ့ စီးပွားရေးပညာရှင်တဦးက ဗွီအိုအေကိုပြောပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ချမ်းသာသူအများစုက ဘိုးဘွားပိုင် ကုမ္ပဏီတွေ ပိုင်ဆိုင်သူတွေ ဖြစ်ကြပြီး နိုင်ငံရဲ့ စီးပွားရေး ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သူတို့တွေဟာ ကြီးပွားချမ်းသာနေကြတာဖြစ်တယ်လို့ Wealth X company ရဲ့ ဥက္ကဌက ဗွီအိုအေကိုပြောပါတယ်။
XS
SM
MD
LG