သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး ဗီယက်နမ် ရေနံတင် သင်္ဘော ပြန်တွေ့


ပျောက်ဆုံးနေတဲ့ ဗီယက်နမ် ရေနံတင်သင်္ဘော။
ပျောက်ဆုံးနေတဲ့ ဗီယက်နမ် ရေနံတင်သင်္ဘော။

တပတ်ကျော်ကြာ ပျောက်ဆုံးနေတဲ့ Sunrise- 689 ဗီယက်နမ် ရေနံတင်သင်္ဘောကို ကြာသပတေးနေ့က ပြန်လည်တွေ့ရှိခဲ့ပါပြီ။ ပင်လယ်ဓါးပြတွေရဲ့လက်ကနေ လွတ်မြောက်လာတဲ့ ရေနံတင် သင်္ဘောဟာ ဗီယက်နမ်တောင်ပိုင်းဆိပ်ကမ်း Vung Tau ကို ဦးတည်ခုတ်မောင်းလာနေတာပါ။ သင်္ဘောဟာ စင်္ကာပူဆိပ်ကမ်းကနေ ထွက်ခွာလာပြီး နာရီပိုင်းအတွင်း ဓါးပြတွေရဲ့တိုက်ခိုက်မှုကို ခံလိုက်ရပါတယ်။

သင်္ဘောကို အင်ဒိုနီးရှားပင်လယ်ဓားပြတွေက ပြန်ပေးဆွဲခဲ့တာဖြစ်တယ်လို့ ယုံကြည်ကြောင်း အဲဒီသင်္ဘောရဲ့ လက်ထောက် ကပ္ပတိန်Pham Van Hoang က ဗွီအိုအေကိုပြောပါတယ်။ ဓါးပြတွေဟာ မျက်နှာဖုံးတွေတပ်ထားပြီး အင်ဒိုနီးရှား ဘာသာစကားနဲ့အချင်းချင်းပြောဆိုနေကြတဲ့အကြောင်းနဲ့ သေနတ်တွေ၊ ဓါးတွေ ကိုင်ဆောင်ပြီး သင်္ဘောအမှုထမ်းတွေကိုလည်း အကြမ်းဖက်ခဲ့တယ်လို့ သူကပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် သင်္ဘောအမှုထမ်း နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။ ပင်လယ်ဓါးပြတွေ ဟာ သင်္ဘောတင်ဆောင်လာတဲ့ ရေနံတန်ချိန် ၅ထောင်နှစ်ရာကျော်ထဲက တန်ချိန်၂ထောင်ကို သယ်ယူပြီးနောက် သင်္ဘောကို ပြန်လွှတ်ပေးခဲ့တယ်လို့ ကပ္ပတိန်ကပြောပါတယ်။

ရေနံတင်သင်္ဘောပိုင်တဲ့ ကုမ္ပဏီရဲ့အကြီးအကဲ Nguyen Vu Diep ကလည်း သင်္ဘောဟာ ပြန်ပေးဆွဲခံခဲ့ရတာဆိုတဲ့ သတင်းရခဲ့ကြောင်း ဗွီအိုအေကိုပြောပါတယ်။ ပင်လယ်ဓါးပြတွေဟာ ဆက်သွယ်ရေး ကိရိယာအားလုံးကို ဖျက်ဆီးခဲ့တာကြောင့် သင်္ဘောကို ပြန်လွှတ်ပေးချိန်မှာ ဘယ်နေရာကိုရောက်နေတယ်ဆိုတာ သင်္ဘောအမှုထမ်းတွေမသိခဲ့ကြဘူးလို့လည်း သူကပြောပါတယ်။ ဒီရေနံတင် သင်္ဘောပျောက်ဆုံးနေတာကို ရှာဖွေဖို့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေက ဝိုင်းဝန်းကူညီခဲ့ကြပါတယ်။

XS
SM
MD
LG