သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်မှာ 5G တယ်လီဖုန်း စသုံးပြီ


5g logo (စက်တင်ဘာ၊ ၂၆၊ ၂၀၁၈)
5g logo (စက်တင်ဘာ၊ ၂၆၊ ၂၀၁၈)

အာရှရဲ့ တောင်ကိုရီးယားနိုင်ငံကနေ- ဥရောပ ဖင်လန်နိုင်ငံအထိ 5G ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြိုင်အဆိုင် ကြိုးစား တီထွင်နေကြတဲ့ နိုင်ငံတွေထဲမှာ အခုနောက်ဆုံးပြိုင်ဘက်ကတော့ ဗီယက်နမ်နိုင်ငံပဲ ဖြစ်ပြီး Game နဲ့ပတ်သက်တဲ့ နည်းပညာ နယ်ပယ်ထဲကို ဝင်ရောက်ချင်တာပါ။

တယ်လီဖုန်းမှာ အသုံးပြုတဲ့ 5G နည်းပညာကို ဒီလထဲမှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ ဗီယက်နမ်က ကြေညာလိုက်ပါတယ်။ ဗီယက်နမ်ရဲ့ 5G နည်းပညာဟာ တယ်လီဖုန်း အင်တာနက် အတွက်သာမက ဗီယက်နမ်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဒစ်ဂျစ်တယ်-စီးပွားရေး အထိပါ အကျုံးဝင်တယ်လို့ဆိုပါတယ်။

အနာဂတ် စီးပွားရေးလုပ်ရာမှာ ကုန်ပစ္စည်း အစားသောက်တွေ ပို့တဲ့အခါ ဒရုန်းယာဉ်တွေကို အသုံးပြု လာကြမှာ ဖြစ်သလို cyber တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ လူတွေအစား စက်တွေကနေရာယူ အလုပ်လုပ်လာကြဖို့ ရှိပါတယ်။ ကျန်းမာရေး မှတ်တမ်းတွေကိုလည်း ဒစ်ဂျစ်တယ်-နည်းပညာတွေ သုံးလာကြမှာပါ။ စိုက်ပျိုးရေးနဲ့ ခရီးသွားလုပ်ငန်းတွေလောက်သာ နဂိုလုပ်နည်းတွေနဲ့ ဆက်လုပ်သွားဖို့ များတယ်လို့ ဗီယက်နမ်အစိုးရရဲ့ အစီရင်ခံစာက ဆိုပါတယ်။

ဗီယက်နမ်ဟာ သူ့ရဲ့မဟာမိတ် သြစတြေးလျားနိုင်ငံတို့ ပူးပေါင်းပြီး ဒစ်ဂျစ်တယ်-စီးပွားရေးကဏ္ဍနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစောင်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အနာဂတ်မှာ အကောင်ထည်ဖေါ်မယ့် ကဏ္ဍ ၄ ခုအတွက် ဘာတွေ လုပ်ဆောင်သွားမယ်ဆိုတာကို ဖေါ်ပြထားပါတယ်။

ဗီယက်နမ်ရဲ့ အနာဂတ် ဒစ်ဂျစ်တယ်-စီးပွားရေးကို ၂၀၃၀ ကနေ ၂၀၄၅ အတွင်း အကောင်ထည်ဖေါ်သွားဖို့ မူဝါဒ ချမှတ်ထားပါတယ်။

ဗီယက်နမ်မှာ 5G တယ်လီဖုန်း စသုံးပြီ
please wait

No media source currently available

0:00 0:00:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG