သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်သမ္မတ ၃ ရက်ကြာ တရုတ်နိုင်ငံခရီးစဉ် စတင်


ဗီယက်နမ်သမ္မတ To Lam
ဗီယက်နမ်သမ္မတ To Lam

ဗီယက်နမ် ထိပ်တန်းခေါင်းဆောင် To Lam ရဲ့ ၃ ရက်ကြာ တရုတ်နိုင်ငံခရီးစဉ် ဒီကနေ့ပဲ စတင်လိုက်ကြောင်း တရုတ်နိုင်ငံပိုင် သတင်းက ဖော်ပြလိုက်ပြီး၊ သမ္မတ Xi Jinping ဝန်ကြီးချုပ် Li Qiang အပါအဝင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ်လို့လည်း နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဒီလထဲမှာ ဗီယက်နမ်သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ အာဏာရကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး Lam ဟာ Guangzhou မြို့ကို ရောက်လာခဲ့ကြောင်း တရုတ်နိုင်ငံပိုင် CCTV သတင်းက ဖော်ပြခဲ့တာပါ။ ဗီယက်နမ်သမ္မတဟာ သမ္မတဟောင်း ဟိုချီမင်း တချိန်က တော်လှန်ရေးကာလ လှုပ်ရှားခဲ့တဲ့ Guangzhou မြို့က နေရာတချို့ကို သွားရောက်မယ်လို့လည်း ပြောပါတယ်။

တရုတ်နဲ့ ဗီယက်နမ် နိုင်ငံတို့ကြား ၁၉၅၀ ပြည့်နှစ်ကစ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့တာပါ။ ၂၀၀၈ ခုနှစ်မှာ မဟာဗျုဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်တွေအဖြစ် စတင်ထူထောင်ခဲ့ပြီး နိုင်ငံတာနဲ့ ဒေသတွင်းကိစ္စတွေကို ဖြေရှင်းဖို့ ၂၀၁၃ ခုနှစ်မှာ ပူးပေါင်း ဆောင်ရွက်မှုတွေကို တိုးမြှင့်ခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ နယ်မြေပိုင်ဆိုင်မှုအတွက် ထိပ်တိုက်ရင်ဆိုင် ဖြစ်ရတာတွေ ရှိတတ်ပေမဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်နေတဲ့ ကွန်မြူနစ်စနစ် ၂ နိုင်ငံကြား အခုတွေ့ဆုံမှုကနေ ဆက်ဆံရေးတွေ ခိုင်မာအောင် တိုးမြှင့်လိမ့်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

Forum

XS
SM
MD
LG