သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်တိုက်ခိုက်မှု ဗီယက်နမ်ခရီးသွားများသေဆုံး


အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ဗုံးပေါက်ကွဲရာနေရာမှာ လုံခြုံရေးယူနေစဉ်။ (ဒီဇင်ဘာ ၂၈၊ ၂၀၁၈)
အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ဗုံးပေါက်ကွဲရာနေရာမှာ လုံခြုံရေးယူနေစဉ်။ (ဒီဇင်ဘာ ၂၈၊ ၂၀၁၈)

အီဂျစ်နိုင်ငံ Giza နဲ့ မြောက် Sinai ဒေသက သီးခြား နှိမ်နင်းမှု ၃ ခုအတွင်း စစ်သွေးကြွလို့ ယူဆရသူ အယောက် ၄၀ လောက်ကို လုံခြုံရေးတွေက သုတ်သင်နိုင်ခဲ့တယ်လို့ အီဂျစ်အာဏာပိုင်တွေက ပြောပါတယ်။

Giza မြို့အနီးမှာ ဘတ်စ်ကားတစီးကို ဗုံးခွဲတိုက်ခိုက်တာကြောင့် ဗီယက်နမ် ခရီးသွား ၃ ယောက်နဲ့ အီဂျစ် ဧည့်လမ်းညွှန်တဦးတို့ သေဆုံးသွားပြီး နောက်တရက်မှာပဲ အကြမ်းဖက်သမားတွေကို အီဂျစ်က အခုလို နှိမ်နင်းတာပါ။ ဘတ်စ်ကားမောင်းသမားနဲ့ တခြား ဗီယက်နမ်ခရီးသွား ၁၁ ဦးကတော့ ဒဏ်ရာရရှိသွားပါတယ်။ ဒီကနေ့မှာ သုတ်သင်နိုင်ခဲ့တဲ့ အဲဒီ စစ်သွေးကြွတွေနဲ့ ခရီးသွားတွေကို တိုက်ခိုက်ခဲ့မှုနဲ့ ဆက်စပ်မှု ရှိမရှိဆိုတာ ကိုတော့ အီဂျစ် ပြည်ထဲရေးဝန်ကြီးဌာနက ပြောမသွားပါဘူး။

အဲဒီ စစ်သွေးကြွတွေဟာ လုံခြုံရေးတပ်ဖွဲ့တွေ၊ church တွေနဲ့ ခရီးသွားတွေကို တိုက်ခိုက်ဖို့ ကြံစည်နေတယ် ဆိုတဲ့သတင်း ရရချင်းမှာပဲ အခုလို နှိမ်နင်းခဲ့တာဖြစ်တယ်လို့လည်း အီဂျစ်ပြည်ထဲရေးကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဘယ်သူကမှ သူတို့လက်ချက်ဖြစ်တယ်လို့ ပြောဆိုမထားတဲ့ဒီတိုက်မှုနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးဖို့ ဗီယက်နမ်အစိုးရကလည်း တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG