သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထင်ကရ ဗီယက်နမ် ဗိုလ်ချုပ်ကြီးဟောင်း ကွယ်လွန်


ဟနွိုင်းမြို့တော်ရှိ နေအိမ်တွင် တွေ့ခဲ့ရသည့် ဗိုလ်ချုပ်ကြီးဟောင်း ဗိုငွင်ဇပ်။ သြဂုတ် ၄၊ ၂၀၀၈။
ဟနွိုင်းမြို့တော်ရှိ နေအိမ်တွင် တွေ့ခဲ့ရသည့် ဗိုလ်ချုပ်ကြီးဟောင်း ဗိုငွင်ဇပ်။ သြဂုတ် ၄၊ ၂၀၀၈။
ပြင်သစ်နဲ့အမေရိကန်တို့ကို ဗီယက်နမ်နိုင်ငံကတိုက်ထုတ်ခဲ့သူ ဗီယက်နမ်ဗိုလ်ချုပ်ကြီးဟောင်း ဗိုငွင်ဇပ် (Vo Nguyen Giap) ဟာ အသက် ၁၀၂ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးဇပ်ဟာ ကွန်မြူနစ်တော်လှန်ရေးသမားတစ်ဦးဖြစ်ပြီး သူ့ရဲ့ပျောက်ကျား စစ်ဗျူဟာကြောင့် ထင်ရှားသူဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးဟာ ဗီယက်နမ်တော်လှန်ရေးခေါင်းဆောင်ကြီး ဟိုချီမင်းပြီးရင် ဗီယက်နမ်နိုင်ငံမှာ လူထုလေးစားကြည်ညိုမှုကို ဒုတိယအများဆုံး ရရှိသူဖြစ်ပါတယ်။

သူဟာ ဥပဒေဘွဲ့ရတစ်ဦး ဖြစ်ပြီး စစ်ပညာကို မည်မည်ရရ သင်တန်းတက်ရောက်ခဲ့ဘူးခြင်းမရှိဘဲ ဗီယက်နမ်ပြည်သူ့တပ်မတော်ကို စတင်တည်ထောင်ခဲ့ သူဖြစ်ပါတယ်။ သူရဲ့ အပြောင်မြောက်ဆုံး စွမ်းဆောင်ချက်အဖြစ် အသိအမှတ်ပြုခံရတာကတော့ ၁၉၅၄ ခုနှစ်က ဒိန်ဘိန်ဖူး (Dien Bien Phu) တိုက်ပွဲမှာ ပြင်သစ်တို့ကို အောင်နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။

ဒီအောင်ပွဲဟာ ဗီယက်နမ်လွတ်လပ်ရေးကို ဦးတည်စေခဲ့သလို အင်ဒိုချိုင်းနားဒေသအပေါ် ပြင်သစ်တို့ ထိန်းချုပ်မှုကိုလည်း နောင်အခါ ဆုံးခန်းတိုင်စေခဲ့ပါတယ်။

၁၉၇၅ မှာ အမေရိကန်တို့ ကျောထောက်နောက်ခံပြုပေးထားတဲ့ တောင်ဗီယက်နမ်အစိုးရအပေါ် အောင်ပွဲခံနိုင်ခဲ့တဲ့အတွက်လည်း ဗိုလ်ချုပ်ကြီးဇပ်ဟာ နိုင်ငံတကာ ကိုလိုနီစနစ်ဆန့်ကျင်ရေးအင်အားစုတို့ရဲ့ ပြယုဂ် ဖြစ်လာခဲ့ပါတယ်။

ဗီယက်နမ်စစ်ပြန်တစ်ဦးဖြစ်ပြီး အမေရိကန် ဘော်စတွန်တက္ကသိုလ်က စစ်ပညာပါမောက္ခ Mike Corgan က လက်နက်ကိရိယာမပြည့်မစုံတဲ့ ပြည်သူ့စစ်တရပ်က ခေတ်မီ အမေရိကန်စစ်တပ်တွေကို အောင်နိုင်ခဲ့တာဟာ ဗိုလ်ချုပ်ကြီးဇပ် က နိုင်ငံရေးရည်မှန်းချက်နဲ့တိုက်ခဲ့လို့ ဖြစ်တယ်ဆိုပြီး မှတ်ချက်ချခဲ့ပါတယ်။
XS
SM
MD
LG