တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်နိင်ငံက ကမ်းလွန်ရေနံတွင်းတူးစင် တည်ဆောက်တဲ့ကိစ္စကို အစပြုခဲ့ပြီး ခုရက်ပိုင်း ဗီယက်နမ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဒီနေ့ တနင်္ဂနွေနေ့မှာ လုံခြုံရေးတပ်ဖွဲ့တွေက လူစုခွဲခဲ့ပါတယ်။
လူ့အသက်ဆုံးရှုံးမှုတွေရှိခဲ့တဲ့ တရုတ်ဆန့်ကျုင်ရေး ဗီယက်နမ်လူထုဆန္ဒပြပွဲတွေကို တရုတ်နိုင်ငံဖက်က တုံ့ပြန်ခဲ့ပြီးတဲ့နောက် အခုလို လုံခြုံရေးအရ ကိုင်တွယ်ဖြေရှင်းခဲ့ပြီး တခြားအဓိကကျတဲ့မြို့တွေမှာလည်း ရဲတပ်ဖွဲ့က လုံခြုံရေးယူထားပါတယ်။
ဗီယက်နမ်မှာရှိတဲ့ တရုတ်လူမျိုး ၃,၀၀၀ ကို ကယ်ထုတ်ခဲ့ပြီး ဗီယက်နမ်က ထွက်ခွာချင်သူတွေအတွက် နောက်ထပ် သင်္ဘော ၅ စင်း လွှွတ်ထားတယ်လို့ တရုတ်ဘက်က ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနဲ့ဗုဒ္ဒဟူးနေ့က နိုင်ငံခြားသားပိုင် စက်ရုံတွေကို ဗီယက်နမ်လူမျိုးတွေက တိုက်ခိုက်ခဲ့တဲ့အတွက် တရုတ်နိုင်ငံသား ၁၅၀ ဒဏ်ရာရခဲ့တဲ့အထဲက ပြင်ပြင်းထန်ထန်ဒဏ်ရာရခဲ့သူ ၁၆ ယောက်အပါအဝင် တရုတ်နိုင်ငံသားတချို့ကို ကယ်ထုတ်ခဲ့တယ်လို့ Xinhua သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဗီယက်နမ် ရေပိုင်နက်ထဲမှာ ကမ်းလွန်ရေနံတူးစင်တည်ဆောက်တဲ့ တရုတ်နိုင်ငံရဲ့ ခြေလှမ်းကို ဆန့်ကျင်တဲ့အနေနဲ့ ဗီယက်နမ်နိုင်င်ငံHa Tinh ခရိုင်ထဲက သံမဏိစက်ရုံကို ဗီယက်နမ်နိုင်ငံသားတွေက ဆန္ဒပြခဲ့ကြရာက အခုလို အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။ စနေနေ့ကတော့ ဗီယက်နမ်အစိုးရက အကြမ်းဖက်မှုတွေ ရပ်ဆိုင်းအောင် ကိုင်တွယ်ဖြေရှင်းမယ်လို့ ကတိပေးလိုက်ပါတယ်။
မတည်ငြိမ်မှုတွေကို ရပ်တန့်အောင် မလုပ်နိုင်ခဲ့တဲ့အတွက် အရေးယူခံရတဲ့ လုံခြုံရေးအဖွဲ့တွေကို ကာကွယ်ပေးဖို့လည်း ဗီယက်နမ်ရဲတပ်ဖွဲ့ အကြီးအကဲက ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဥပဒေနဲ့ မည်ီ်တဲ့ကိစ္စမှန်သမျှ သည်းခံမှာ မဟုတ်ဘူးလို့လည်း ဗိုလ်ချုပ် Hoang Kong Tu က ပြောဆိုခဲ့ပါတယ်။ ၁၉၇၉ မှာ နှစ်နိုင်ငံကြား နယ်စပ်စစ်ပွဲတွေ ဖြစ်ခဲ့တဲ့အချိန်ကစလို့ အခုအထိအချိန်အတွင်းမှာ အိမ်နီးချင်းကွန်မြူနစ်နိုင်ငံနှစ်ခုကြား လက်ရှိ ပြဿနာတွေက သံတမန်ဆက်သွယ်ရေး ထိခိုက်စေနိုင်တဲ့ အနေအထားကို ဖြစ်စေနိုင်တယ်လို့ ကျွမ်းကျင်သူပညာရှင်တွေက သုံးသပ်ထားပါတယ်။